Breaking News
Loading...
Wednesday, September 11, 2013

Info Post

ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာကို ပျောက်ကင်းဖို့ အတွက် အကိုက်အခဲ ပျောက်ဆေး အသုံးပြုလွန်း သူတွေဟာ ပိုမိုခေါင်း ကိုက်နိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေး လိုက်ပါတယ်။ ခေါင်းကိုက်တာကို ထိထိရောက်ရောက် ကုသ နိုင်ဖို့ဟာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို မှန်ကန်စွာသိရှိပြီး သူနဲ့ လိုက်လျောညီထွေတဲ့ ကုသမှုကို ခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဆေးဝါး အသုံးပြုလွန်း တာကြောင့် ခေါင်းကိုက် တာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဗြိတိန်နိုင်ငံမှာ နေ့စဉ် အမျိုးသား တစ်သိန်းဟာ အကိုက်အခဲ ပျောက်ဆေး အသုံးလွန် တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ကိုဒင်း၊ ပါရစီတမော၊ အိုင်ဗျူပရိုဖင်နဲ့ အက်စပရင် ဆေးဝါး လိုမျိုး ဆေးတွေကို မကြာခဏ အသုံးပြုတာကြောင့် ခေါင်း ကိုက်တာ အကြိမ်ကြိမ်ဖြစ်ရတယ်လို့ သုတေသီတွေက အကြံ ပေးထားပါတယ်။ အကိုက်အခဲပျောက်ဆေးကို အသုံးပြုတာ များ တာကြောင့် ခန္ဓာကိုယ်ဟာလည်း ခံနိုင်ရည်ပိုရှိသွားတယ်လို့ ဆို ပါတယ်။ ဆေးကိုဖြတ်လိုက်ချိန်မှာ ဆေးရဲ့တန်ပြန်တုံ့ပြန်မှုကြောင့် Rebound Headache ရရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကိုက်အခဲ ပျောက်ဆေးကို အသုံးပြုလွန်း တာဟာ အာရုံကြော အတွင်း နာကျင်မှုအချက် သတင်းပေးပို့မှု အပေါ်မှာ သက်ရောက် မှုရှိတယ်လို့ သိရပြီး အမျိုးသမီးတွေဟာ ဒီပြဿနာဟာ အဖြစ် များတယ်လို့ ဆိုပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်လောက် အကိုက်အခဲ ပျောက်ဆေးသောက် တာဟာ ပြဿနာမရှိ လှပေမယ့် မကြာခဏ အသုံးပြုရင်တော့ ပြဿနာ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ Rebound Headache အတွက် တစ်ခုတည်းသော ဖြေရှင်းနည်းက ခေါင်းကိုက်တာ ဖြစ်စေတဲ့ ဆေးဝါး အသုံးပြုမှုကို ရပ်တန့် လိုက်တာပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။




Good Health