Breaking News
Loading...
Saturday, September 28, 2013

Info Post


ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ဘိုအက်စ်၏ အပြုအမူများမှာ ကလေးဆန်လွန်းသည်ဟု စပါးနှင့်ကစားမည့်ပွဲစဉ်မတိုင်မီ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်သွားခဲ့သည်။ မော်ရင်ဟိုနှင့် ဘိုအက်စ်တို့မှာ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာတို့တွင် လက်တွဲခဲ့ဖူးသည့် ဆရာတပည့်များဖြစ်ပြီး ယနေ့ည ပွဲစဉ်တွင် ပြိုင်ဘက်များအဖြစ်
ပြန်လည်ဆုံတွေ့ကြမည်ဖြစ်ကာ အပြန်အလှန် ဝေဖန်မှုများ ပြုလုပ်လျက်
ရှိသည်။

မော်ရင်ဟို၏ ဝေဖန်မှုမတိုင်မီ ဘိုအက်စ်က မိမိနှင့် မော်ရင်ဟိုမှာ ယခင်တုန်းကကဲ့သို့ မိတ်ဆွေများ မဟုတ်တော့ကြောင်း ဖွင့်ဟခဲ့ပြီး ချဲလ်ဆီးနှင့်ပွဲစဉ်အတွက် အိပ်ရေးပျက်မည်မဟုတ်ကြောင်း တိုက်ခိုက် ခဲ့ဖူးသည်။ယင်းအတွက်ကြောင့် မော်ရင်ဟိုက “ကျွန်တော်ကတော့ တစ်ယောက်ယောက်နဲ့ ပြဿနာရှိတိုင်း အပေါ်ထပ်တက်ပြီး ထမင်းစားပွဲမှာ သွားပြောမယ့် ကလေးအရွယ်မဟုတ်တော့ပါဘူး။ ကျွန်တော့်မှာ ဇနီးနဲ့ သားသမီးနဲ့ ဖြစ်နေပါပြီ။ ကျွန်တော် မနက် ၇နာရီလောက် လေ့ကျင့်ရေးကွင်း ထွက်လာရင် သူတို့ကို လွမ်းပါတယ်”ဟု တုံ့ပြန်ခဲ့သည်။ သို့သော်
မော်ရင်ဟိုက စပါးမှာ ယခုနှစ် ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲနိုင်သည့် အသင်းများစာရင်းတွင် ပါဝင်နေကြောင်း ချီးကျူးသွားခဲ့သည်။
ဇော်ထွန်း(ရိုးရာလေး)