အနုပညာလောကမှာ အကယ်ဒမီ ထူးချွန်ဆု ၆ ဆု မှတ်တိုင် စိုက်ထူနိုင် ခဲ့သူဖြစ်တဲ့ ရန်အောင်ကိုအနုပညာ ဖန်တီးရာမှာ ဆင်ဆာ တွေနဲ့ပတ်သက်ပြီး တစေ့တစောင်း မေးကြည့်ဖြစ်ရာ
"ဆင်ဆာလွတ် လပ်ခွင့်တွေပေးတာ အများကြီးကြိုဆိုဝမ်းသာတယ်။ အရင်တုန်းက ဆိုရင်သွေးထွက်သံယိုတွေ တအားမပြရဘူး။ပါးရိုက်လို့မရ၊ လက် သီးထိုးလို့မရဘူး။ ခုံပေါ်ခြေထောက်မထင်ရဘူး။ ဒါမျိုးတွေက ဇာတ်ရုပ်အရ လိုအပ်တဲ့ အခါမျိုးမှာ လုပ်ခွင့်ရှိလာတာက ဝမ်းသာ ပါတယ်။ ဒါပေမဲ့ မိသားစုတွေ အားလုံးထိုင်ကြည့်နေတဲ့အချိန်မျိုးမှာ မပြသင့်တဲ့ရိုက် ချက်မျိုး၊ မပြောသင့်တဲ့ စကားမျိုး၊ မိသားစုချင်း မျက် နှာပူရမယ့်ကိစ္စမျိုးက အစ်ကိုတို့နိုင်ငံ အတွက်၊ ဓလေ့ထုံးစံ အတွက် နည်း နည်းစောနေသေး တယ်လို့ ထင်တယ်။ အနောက်နိုင်ငံနဲ့ ယဉ်ကျေးမှု ချင်း၊ ပွင့်လင်းမှုချင်း၊ ခံယူချက် ချင်း မတူပါဘူး။ အစ်ကိုတို့ နိုင်ငံက အရှက်အကြောက်ကြီးတယ်။ ဟီရိသြတပ္ပတရားဆိုတာကို လက် ကိုင်ထားကြတယ်။ အာရှနိုင်ငံတော်တော် များများက သူတို့ ဇာတ်ကား တွေရိုက်ရင်အခုနောက်ပိုင်းကျမှ ပွင့်ပွင့်လင်း လင်းပြောရရင် အိန္ဒိယ၊တရုတ်၊ကိုရီးယားဆို Lip Kiss ခန်းကိုမဖြစ်မနေ တစ်ခါ တလေမှပြတယ်။ အကြာကြီးတောင် မပြပါဘူး။ ဒါတွေက ကိုယ့်နိုင်ငံအတွက် နည်း နည်းစောနေသေးတယ်လို့ ယူဆမိပါတယ်" လို့ပြောပြပါ တယ်။
ဆင်ဆာ လွတ်လပ်ခွင့်တွေ အပေါ်ထောက်ညွှန်နဲ့ပြန်လည်လုပ်လာတဲ့အပေး အရင်လို မဲပြာပုဆိုးမဖြစ်ပါစေနဲ့ လို့လည်းပြောပြတဲ့ ရန် အောင်က "ဒါပေမဲ့ ဆင်ဆာကို ထောက်ညွှန်အနေနဲ့ လုပ်တာကလည်း ဖြစ် သင့်တယ် လို့ထင်သလိုနဂိုအတိုင်း မဲပြာပုဆိုးပြန် မဖြစ်ပါစေနဲ့ လို့ ဆုတောင်း ပါတယ်။ ဆင်ဆာ လွတ်လပ်ခွင့်တွေရလာ တော့ဇာတ်ရုပ်တွေ အများကြီးလုပ် လို့ရလာ တယ်။ သူ့ ဇာတ်ရုပ်နဲ့သူ ဆံပင်နီဆိုနီပါ၊ သွေးထွက်သံယိုရှိလို့၊ ဒါကို ရင်နာရမှာမို့လို့ဒီလိုရိုက်ချင်တဲ့ဆန္ဒရှိရင်ရိုက်ခွင့်ပေးပါ။
ဒီလိုကနေ ဒီလိုဇာတ်တွေ ဖြစ်လာတယ်ဆိုတာ လက်ခံ ရမှာပါ။နိုင်ငံတကာမှာလည်း ဒီလိုပဲ လေ။ အရင်ကဆို ဇာတ်လမ်းစိစစ်ရေးက တစ်ခါကြပ် တယ်၊ဆင်ဆာ ကတစ်ခါကြပ်တယ်။အဲဒါကြောင့် မဲပြာပုဆိုးထဲကမလွတ်ဘူး ဆိုတဲ့အပြောမျိုးခံခဲ့ ရဖူးပါတယ်။ အခုတော့အဖန်တစ်ရာ ဒီဇာတ်ကနေ ထွက်လာပြီ ဆိုပေမယ့်မြန်မာ့ ထုံးတမ်း အစဉ်အလာ နဲ့ မကိုက်တဲ့ ပုံစံမျိုးလေးေ တွတော့ နည်းနည်း စောပါသေးတယ်။ နောက်အနှစ် ၁၅ နှစ်လောက်ဆို အကုန်ခေတ်မီ တိုးတက် လာတယ်။အမြင်တွေ ပွင့်လင်း လာတယ်ဆို တစ်မျိုးပေါ့" လို့ပြောပြ ပါတယ်။
မေမွန်မောင်