Breaking News
Loading...
Monday, September 30, 2013

Info Post

ယနေ့ - စက်တင်ဘာလ ၃ဝ ရက် မြန်မာစံတော်ချိန် ၁၂၃ဝ နာရီအတွက် GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းထားသောပုံ အတိုင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် တဘက်တွင် လေဖိအားနည်းရပ်ဝန်း တစ်ဘက်တွင် မုန်တိုင်းနှင့် မိုးရေများစွာ သယ်ဆောင်လာနိုင်သော သဘာဝဖြစ်စဉ် ၂ ခု အကြား၌ ရောက်ရှိနေကြောင်း တွေ့ရပါသည်။

ယနေ့မှ စ၍ တိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်ပြီး မုန်တိုင်း အကြွင်းအကျန်များ ပျံ့နှံ့ရောက်ရှိလာချိန်တွင် မိုမိုများသော မိုးရွာသွန်းမှုနှင့် ရင်ဆိုင်ရဘွယ် ရှိနေပြီး ရေလွှမ်းမိုးနိုင်မည့် အန္တရာယ်သည်လည်း စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိလာနိုင်ပါသည်။

ယခု စာရေးနေချိန်တွင် ရန်ကုန်မြို့ - တာမွေမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် မိုးသည်းထန်လျှက်ရှိနေပြီး ကျန်မြို့နယ်များအခြေအနေကို မသိရပါ။ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းတို့ကြောင့် နောက်ဆက်တွဲ ကြုံရနိုင်မည့် သဘာဝဘေးအန္တရာယ်များအား သတိထားကာကွယ်နိုင်ကြစေရန် သတိပေးတင်ပြလိုက်ရပါသည်။

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ကြပါစေ။
MMweather Page