Breaking News
Loading...
Monday, September 30, 2013

Info Post

တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း WUTIP သည် အဆင့်-၁ (CAT-1)တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ အားလျော့သွားပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်း အဖျားပိုင်းသည် ဗီယက်နန်နိုင်ငံ ကမ်းခြေအား Quang Binh ပြည်နယ် Dong Hoi မြို့ အနီးမှ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းဗဟိုသည် ဒါနန်းမြို့ မြောက်ဘက် မိုင် ၈ဝ ကျော်ခန့်သာ ဝေးကွာတော့ကြောင်း၊ ဖြတ်ကျော်ဝင်ရောက်မည့် လမ်းကြောင်းမှာ ဒါနန်းမြို့ အနောက်မြောက်ဘက် ၁၃ဝ မိုင်ခန့်ဖြစ်ပြီး၊ မုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီလှိုင်းအမြင့် ၂၅ ပေ ရှိပြီး၊ လေတိုက်နှုန်း တစ်နာရီ ၈၅ မိုင်မှ ၁ဝ၅ မိုင်ခန့်အထိ ရှိနိုင်မည်ဖြစ်ကြောင်း JTWC မှ ယနေ့နံနက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် ထုတ်ပြန်သည့် warning-14 ၌ ဖေါ်ပြထားပါသည်။(ပုံ-၁ – JTWC-Track and position forecast)(ပုံ-၂ – TSR – 24hrs Tropical Storm Wind Probabilities)

30/00Z (TYPHOON 20W (WUTIP) WARNING NR 014- 075 knots)
TYPHOON 20W (WUTIP) WARNING #14
WTPN32 PGTW 300300
300000Z POSIT: NEAR 17.2N 108.5E
MOVING 280 DEGREES TRUE AT 15 KNOTS
MAXIMUM SIGNIFICANT WAVE HEIGHT: 25 FEET
30/00Z, WINDS 075 KTS, GUSTS TO 090 KTS
30/12Z, WINDS 065 KTS, GUSTS TO 080 KTS
01/00Z, WINDS 045 KTS, GUSTS TO 055 KTS
01/12Z, WINDS 020 KTS, GUSTS TO 030 KTS

မုန်တိုင်း WUTIP သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ကုန်းတွင်းတိုင်ဖွန်းမုန်တိုင်း အဖြစ် လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတို့အား ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်း Udon Thani ပြည်နယ် – လာအိုနိုင်ငံ ဗီယန်ရှင်းမြို့တောင်ဘက် မိုင်၃ဝ ခန့်တွင် ကုန်းတွင်းမုန်တိုင်း(TS) အဖြစ်သို့ ရောက်ရှိ အားလျော့သွားမည်ဖြစ်ကြောင်း၊ အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၁ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် – မြဝတီမြို့ အရှေ့မြောက်ဘက် ၁၁ဝ မိုင်ခန့်အကွာ၊ ထိုင်းနိုင်ငံ၊ Phrae နှင့် Sukhothai ခရိုင် နယ်စပ်အနီး၌ လေဖိအားနည်ရပ်ဝန်းအဆင့်သို့ ရောက်ရှိပြီးမှ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားကြောင်း တွေ့ရပါသည်။(ပုံ-၁ – JTWC-Track and position forecast)(ပုံ-၂ – TSR – 24hrs Tropical Storm Wind Probabilities)

JTWC ခန့်မှန်းချက်အရ မုန်တိုင်းအကြွင်းအကျန်များသည် အနောက်ဘက် သို့ ဆက်လက်ရွေ့လျားပြီး မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့အထိ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် အောက်တိုဘာလ ၁ ရက် ညပိုင်းနှင့် အောက်တိုဘာလ ၂ ရက်နေ့တို့တွင် အထက်ပါဒေသများ၌ မိုးသည်းထန်ပြီးး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ် ရှိကြောင်း လေ့လာတွေ့ရှိရ၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ကြစေရန် အသိပေးတင်ပြလိုက်ရပါသည်။

MMweather Page