Breaking News
Loading...
Monday, September 23, 2013

Info Post

လုံးဝ တူစရာ အကြောင်းမရှိပါဘူး။ ကိုယ်က ဈေးကြီးပေးဝယ်ထားရတဲ့ လက်စွပ်လေး တစ်ယောက်ယောက်က ခိုးသွားတယ်ဆိုပါစို့။ ပြန်တွေ့တဲ့ အခါကျ ဟိုက ဒါနင့်လက်စွပ်မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး။ သက်သေ အထောက်အထားနဲ့တောင် သူခိုးကိုဖမ်းလို့ရပါတယ်။ ယင်းသက်သေ ကတော့ လက်စွပ်မှာပါတဲ့ Waveform ပဲ ဖြစ်ပါတယ်။

အနောက်တိုင်းက ဘုရားကျောင်းတွေမှာ လက်ထက်တဲ့အခါ အိုအောင် မင်းအောင် ပေါင်းသင်းပါ့မလားလို့ ခရစ်ယာန်ဘုန်းတော်ကြီး က မေးတဲ့အခါ I do လို့ပြန်ဖြေပါတယ်။ ယင်း I do ဆိုတဲ့ အသံကိုပဲ အသံလှိုင်းစနစ်နဲ့ Graph ထုတ်တဲ့ မိုက်ခရိုအတိုင်းမှ မလွဲအောင် လက်စွပ်အဖြစ်သို့ ပြန်လည်ပြောင်းလဲခြင်း ဖြစ်ပါတယ်။

ဒီတော့ ကောင်မလေးက ပြောတဲ့ I do နဲ့ ကောင်မလေးက ပြောတဲ့ I do ကို အသံလှိုင်းပြဇယားပုံ ထုတ်၊ ရွှေပန်းထိန်သည်က ကွန်ပြူတာ စနစ်နဲ့ 3D ပုံဖော်ပြီး နောက်ဆုံး လက်ထက် လက်စွပ်ပုံလေးကို ယခုလို ဖော်ထုတ် ပါတယ်။ ဒါဆိုရင် ဘယ်တော့မှ မှားစရာ အကြောင်း မရှိပါဘူး။ လူတစ်ယောက်ချင်းစီရဲ့  အသံက မတူနိုင်တော့ တစ်ယောက်က ထွက်တဲ့ Waveform နဲ့ အခြားတစ်ယောက်ထွက်တဲ့ Waveform က တူကို မတူနိုင်ပါဘူး။

ယင်းအချက်ကို အခြေခံလို့ စိတ်ကူးဆန်းဆန်းနဲ့ အနောက်တိုင်းက ပညာရှင်များက ယခုလို လက်စွပ်လုပ်ပါတယ်။

--
Ref: coolgadget
Aung Kham (ရိုးရာလေး)