Breaking News
Loading...
Monday, September 30, 2013

Info Post

စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ကိုကျေးညိုက ရွာမှာကျန်ခဲ့တဲ့ သူ့မိန်းမဆီ ဖုန်းခေါ်နေတယ်... ...

"တီ တူ .. ဟလို မိန်းမ ကြားလား တီးတွမ် ကြားလား"
"အဲ တွီ တူ ဘယ်သူလဲ တူတီ ဂွမ်"

"ငါ ငါ.. ကျေးညို ကျေးညို"
"ဘယ်သူ ဘယ်သူလဲ မကြားရဘူး"

"အာ... ငါဟေ့ နင့်လင် နင့်လင်"
"အော် ကိုမြင့်လွင် လား အိမ်လာခဲ့အုံးလေ"

"အဲ ဘယ်က မြင့်လွင်လဲ မသိဘူး၊ ဒီမိန်းမတော့ မဟုတ်သေးပါဘူး၊ ငါ ကျေးညိုပါဆိုမှ"
"အော်... ယောက်ျားလား ပြော ပြော နည်းနည်းကြားရပြီ"

"သတိရလို့ ဆက်တာ၊ အရေးတကြီးတော့ မရှိပါဘူး"
"ဘာရယ်... အရီးကြီး ဟုတ်လား၊ အရီးကြီး မရှိတော့ဘူး"

"ဘာရယ်... ကျယ်ကျယ်ပြောဟ"
"အရီးကြီး မရှိတော့ဘူး၊ ဟိုနေ့ကထင်းခွေသွားရင် မြွေပေါက်လို့ ဆုံးသွားပြီတော့ အီး အီး ဟီး"

"ဘာ... မင်းအမေ ထီပေါက်တယ် ဟုတ်လား၊ ဝမ်းသာတယ်ကွာ ဟား ဟား"
"ဘယ့်နှယ့် ရှင်က ကျမအရီးဆုံးတာကို ပျော်နေတာပေါ့"

"သမီးလေးရော နေကောင်းရဲ့လား"
"ဘာရယ်... ကိုကျေးညို"

"သမီး နေကောင်းရဲ့လားလို့ မေးတာ"
"အော်... မြေမရောင်းပါဘူး၊ မိဘလက်ငုတ်လက်ရင်းလေးကို မရောင်းပါဘူးတော့်"

"ဘာတွေမှန်းကို မသိတော့ဘူး"
"ဘာ နှမ်းဟုတ်လား... နှမ်းတွေကတော့ ဈေးကောင်းရလို့ ရောင်းလိုက်ပြီ ကိုကျေးညို"

"အား ဒီတောက်ဂမြင်းမဖုန်းလိုင်း"
"ဘာရယ်... ရှင်က ကျမကို သောက်ကမြင်းမလေး ဘာလေးနဲ့ ဆဲတယ်ပေါ့"

#$%@! ဆဲတဲ့နေရာကျတော့ လင်မယားကွဲအောင် လိုင်းကောင်းပေးလိုက်တယ်

ဒီလိုနဲ့ S$10 ကုန်ရော....

မြန်မာ့ဆက်သွယ်ရေးအား ဂုဏ်ပြုပါ၏-သန်၎ကို