Breaking News
Loading...
Tuesday, September 24, 2013

Info Post

ဘာကြောင့်မို့  ယခုပိုစ့်လေးကိုတင်ရသလဲဆိုရင်.....
ယခုဆိုရင်ကျွန်တော်တို့ မြန်မာနိုင်ငံဟာအိမ်းနီးချင်းနိုင်ငံတွေနဲ့ တန်းတူဖြစ်အောင်ဆောင်ရွက်နေတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့  ယဉ်ကျေးမှုတွေ၊အယူဝါဒတွေ၊၀တ်စားဆင်ယင်မှုနဲ့ လူနေမှုစတိုင်တွေဟာ ကျွန်တော့်တို့ မြန်မာနိုင်ငံထဲသို့ သိသိသာသာစီးဝင်နေပြီဆိုတာ အားလုံးပဲသိကြပါလိမ့်မယ်။ ထို့ အတူ ကောင်းကျိုးဆိုးကျိုး တွေကိုလဲနေ့ စဉ်နှင့် အမျှတွေ့ မြင်နေကြရပါတယ်။ ယခုပုံနဲ့ ဘာဆိုင်လဲလို့ မေးရင် အဖြေကဒီလို ပါတဲ့ ခင်ဗျာ.............

ယခုခေတ်မှာဆိုရင် living-together တော်တော်များလာတယ်....နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ယခုပုံလို မိခင်ဝမ်းဗိုက်ထဲမှာတင်အရှင်လတ်လတ်အသတ်ခံရတဲ့ကလေးတွေဟာ လူကြီးတွေရဲ့ ပေါ့ဆမှုတခုကြောင့် အချိန်နဲ့ အမျှအသက်ဆုံးရှုံးနေရတာပါ........ကြည်ပါ ပုံကိုသေချာကြည့်ပါ အဲဒီကလေးရဲ့ နေရာမှာသင်တို့ ဆိုရင်ဆိုတဲ့ စိတ်ကလေးနဲ့ ကြည့်ပါ... သနားစရာ အရမ်းကောင်းပါတယ်နော်.....
ဒါကြောင်မို့ ယခုခေတ်ယောကျာင်္းလေးတွေကိုပြောချင်တာကတော့ မိန်းခလေးတယောက်ရဲ့ ဘ၀ကို လုံခြုံပျော်ရွှင်အောင်မထားနိုင်ဘူးဆိုရင် သူမအင်္ကျှီ ကိုချွတ်ဖို့ မကြိုးစားသင့်ဘူး ဒီလိုမှမဟုတ်ရင်လဲ ယခုတိုးတက်နေတဲ့ ခေတ်မှာ အကာကွယ်တွေ နေရာတိုင်းမှာဝယ်လို့ ရနေတာပဲ အကာကွယ်နဲ့ ဆိုတော့ နှစ်ဦးနှစ်ဖက်နစ်နာမှုတွေကို အတတ်နိုင်ဆုံးကာကွယ်ရာရောက်တာပေါ့..........
မိန်းခလေးဘက်ကဆိုရင်လဲ မိမိလက်တွဲဖော်ဆိုတာသေချာမသေချာ စမ်းစစ်ပြီးမှ စိတ်စေရာကိုလိုက်ဖို သင့်လျော်မယ်မဟုတ်လား...ဘယ်ခေတ်တွေဘယ်လိုပဲပြောင်းလာလို့  ဆုံးရှုံးမှုတွေက သက်သာလျော့ပါး သွားမယ်မထင်လေနဲ့  ခေတ်ပြောင်းလေ ပိုနာလေ ပိုခံစားရလေ ပဲ........ ဒီလောက်ပဲရေး တတ်ပါတော့တယ် အမှားပါရင်ခွင့်လွှတ်ပါ

စေတနာဖြင့် စိုင်းသူရ
Today Myanmar