မအားဘဲနဲ့ လူတိုင်း နေ့စဉ်လုပ်ယူနိုင်တဲ့ တရားစွမ်းအား(၅)မျိုးကို ဝေလာမသုတ်မှာ ဘုရားရှင်က ဟောကြားထားပါတယ်၊ မအားပေမယ့် နေ့စဉ် လုပ်ယူနိုင်တဲ့ အပေါ့ပါးဆုံး လမ်းစဉ်(၅)ချက်ဖြစ်ပါတယ်။
အဲဒီငါးမျိုးဟာ တစ်မျိုးထက်တစ်မျိုး အဆင့်ဆင့် အကျိုးကြီးမားပြီး သဒ္ဓါတရား ပညာဉာဏ်အားကောင်းသူအတွက် ဘာမှခက်ခဲတာတာဝန်လေးတာ မပါပါဘူး၊
အဲဒီငါးမျိုးက-
(၁) ဒါန
(၂) သရဏဂုံ
(၃) ၅-ပါးသီလ
(၄) မေတ္တာ
(၅) အနိစ္စနုပဿနာ ဒီ ၅-မျိုးပါပဲ
အနိစ္စနုပဿနာ = အနိမိတ္တာနုပဿနာ မည်သော ၀ိမောက္ခမုခ။
ခန္ဓာကိုယ်ရုပ်နာမ် သင်္ခါရ၌ ပုံသဏ္ဌာန်နိမိတ် မရှိကြောင်းကို ရူမြင်တတ်သော အနိစ္စာနုပဿနာသည် အနိမိတ္တာနုပဿနာမည်သော ၀ိမောက္ခမုခ ဖြစ်၏
(ယောဆရာတော်ကြီး)
Buddhavasa Tiloka