Breaking News
Loading...
Monday, September 30, 2013

Info Post


အနှောက်အယှက် အခဲအခဲဆိုတာလကြောက်စရာ မုန်းစရာမဟုတ်ပါဘူး။
တကယ့် ကျေးဇူးတင်စရာတွေပါပဲ..။ ကိုယ့်စိတ်ဓါတ်ရင့်ကျက်မှုရဲ့ အတိုင်းအတာကို သူတို့က သတ်မှတ်ပေး ကြပါတယ်။

အနှောက်အယှက် အခက်အခဲတစ်ခုခုနဲ့ တွေ့ရရင်ဆိုင်ရလို့ ကိုယ့်ဖက်က ဝူးဝါးဝူးဝါးဖြစ်နေသေးရင်…
“အော် ငါ့စိတ်ဓါတ်ဟာ ဝူးဝါးဝူးဝါး အဆင့်မှာပဲ ရှိပါသေးလား”လို့ သူတို့ ကသတိပေးတာပဲ။ တကယ်လို့ အဲဒီလိုမဖြစ်ဘဲတည်ငြိမ်ရင့်ကျက်စွာ လက်ခံလာနိုင်ရင်လည်း “အော် ငါ့စိတ်ဓါတ်ဟာ ဒီလောက်တော့ မဖြုံတော့ဘူး”လို့ ကိုယ့်စိတ်ဓါတ်အဆင့်ကို ဖော်ပြပေးတာပဲ။

ဒါကြောင့် သူတို့က မုန်းစရာ ကြောက်စရာမဟုတ်ဘူး။ကျေးဇူးတင်စရာတွေပါပဲ။

(တိပိဋက ယောဆရာတော်)
နှလုံးသားအာဟာရ