Breaking News
Loading...
Tuesday, September 24, 2013

Info Post

Bus Car အ ကြာ ကြီး စီးရမယ့် သင့်ရဲ့ မနက်ခင်းကို ဖျော်ဖြေမှု တွေနဲ့ နည်းနည်းတော့ စိုပြေ စေမှာ ပါ။
YouTube က offline ဖြစ်နေချိန် မှာတောင် users တွေကိုသူတို့ mobile တွေမှာ videos ကြည့်ခွင့် ပေးနိုင်မယ့် စွမ်းရည်ကို မကြာခင်မှာ ပေးသုံး တော့မယ့် အကြောင်း အင်္ဂါနေ့က ကြေညာ ခဲ့ပါတယ်။ ဒီ update ကိုနိုဝင်ဘာ လောက်မှာ ထုတ်ဖို့ မျှော်လင့် ရပါတယ်။ ဒါပေမယ့် ဒီအချက် ကလွဲလို့ ကျန်တဲ့ အသေးစိတ် တွေကိုတော့ ရေရေရာရာ မသိရပါဘူး။ အကျဉ်း ပြောရရင် ဒါဟာ မသေချာတဲ့ အရာ အများစု အနက်က ရိုးရှင်းတဲ့ update တစ်ခုပါ။ အခြေခံ အားဖြင့် ဒါက YouTube app မှာ user တွေကို video တွေ download လုပ်ဖို့ ခွင့်ပြုပါ လိမ့်မယ်။ လက်တွေ့ ကျကျ ပြောမယ် ဆိုရင်တော့ ဒီအချက်က ကြည့်တဲ့သူ တွေကို wifi နဲ့ကြို download ဆွဲခွင့်ပေးပြီး mobile data သုံးစရာ မလိုအောင် လုပ်ပေးပါ လိမ့်မယ်။ "လူတွေ အနေနဲ့ video တွေကို သူတို့ device တွေထဲ ထည့်ထားပြီး internet connection မရှိတော့ ချိန်မှာ ခဏလောက် ပြန်ကြည့် နိုင်ခွင့်ကို အခုလာမယ့် feature က ပေးပါ လိမ့်မယ်။ ဒီအတွက်ကြောင့် သင့် video တွေကို အားပေး သူတွေ ဆက်ကြည့်ဖို့ မဖြစ်နိုင် တော့ဘူးဆိုရင် မနက်ပိုင်း အလုပ်သွား ကားစီးတာ လိုမျိုး ပုံမှန် လုပ်နေကြ တစ်ခုခု လုပ်နေတုန်း သူတို့ ပြန်ကြည့်နိုင် ပါလိမ့်မယ်။" လို့ the YouTube Creator Blog မှာရေးထား ပါတယ်။
ဒီအချက်က YouTube ရဲ့ content creator တွေကို အဓိက ပစ်မှတ် ထားပြီးဒီ update ကိုတင်ပို့ ပြီးပြီလို့ ဆိုလိုတာပါ။ TheNextWeb ကတော့ ဒါဟာဘယ် video တွေကို app နဲ့ download လုပ်ခွင့် ပေးမှာလဲ ဆိုတာကို ထုတ်နှုတ် ရွေးချယ် နိုင်တဲ့ channel ပိုင်ရှင်တွေရဲ့ အရည်အချင်းကို ရည်ညွှန်း တယ်လို့ ထင်မြင်ချက် ပေးထား ပါတယ်။ 'ခဏလောက် ပြန်ကြည့် နိုင်ခွင့်' ဆိုတဲ့ နေရာမှာ 'ခဏလောက်' ဆို တာဟာ အချိန် ဘယ်လောက်လဲ ဆိုတာကို တိတိကျကျ မထုတ်ပြန် ထားပါဘူး။ ဒါပေမယ့် "မနက်ပိုင်း အလုပ်သွား ကားစီးချိန်" လို့ ဆိုထားတဲ့ အတွက် အတော် လေးတော့ ကြာမယ့်ဟန် တူပါတယ်။ ဒါ့အပြင် ဘယ်လို mobile platforms မျိုးတွေမှာ သုံးလို့ရ နိုင်မှာလဲ ဆိုတာနဲ့ ပတ်သက် လို့လည်း ဘာတစ်ခုမှ ဖော်ပြ မထားပါဘူး။ သင့်အနေ နဲ့ရော YouTube မှာဒီလို offline ကြည့်နိုင် တာကို ကောင်းတယ်လို့ ထင်ပါ ရဲ့လား။ ဒါဟာ သင်ရဲ့ ခရီးတို လေးတွေကို အပျင်းပြေအောင် လုပ်ပေးနိုင် ပါ့မလား။

Myanmar Youth Media Club