Breaking News
Loading...
Friday, September 27, 2013

Info Post

နေစဉ်နဲ့အမျှ ဒေါမနဿလို့ခေါ်တဲ့ မကျေနပ်မှုတွေ တစ်နေ့ကိုအကြိမ်ပေါင်းများစွာဖြစ်နေမယ်ဆိုရင် ဒီဒေါမနဿကြောင့် ဖြစ်ပေါ်လာတဲ့ ၊ကြမ်းတမ်းတဲ့ ၊ပူလောင်တဲ့ စိတ္တဇရုပ်တွေကြောင့် ခန္ဓာကိုယ် ပျက်စီးမှုနှုန်းဟာ များလာတယ် ။ အဲဒါ မကြောက်ဘူးလား ။ကြောက်စရာ မကောင်းဘူးလား ။

အဲဒီလို တစ်ကိုယ်လုံးမှာ ဖြစ်နေတဲ့ တင်းကျပ်မှု ၊စိတ်ထဲမှာ တင်းကျပ်မှု၊ အလိုမကျမှု ၊ စိတ်ညစ်ညူးမှု စိတ်နောက်ကျိမှုတွေများလေလေ အားကုန်လေလေပဲ ။အားကုန်ရုံတင် မကဘူး ၊ဒီခန္ဓာကိုယ်နဲ့ ဒီစိတ် ပျက်စီးမှု ပိုများလာတယ် ။မြန်မြန် အိုသွားတယ် ။ စိတ်ဓာတ်အင်အားတွေ ကုန်သွားလို့ အေးအေးဆေးဆေး နက်နက်နဲနဲ စဉ်းစားရမယ့်ကိစ္စကျတော့ အားမရှိတော့ဘူး ။တရားအားထုတ်ဖို့ ဆိုတာ ကျန်းမာဖို့ ၊အားရှိဖို့ 
အများကြီးလိုတယ်နော် ။

ဒါကြောင့် ကိုယ့် ခန္ဓာကိုယ်အားနဲ့ စိတ်အားကို ချွေတာဖို့ အလွန့်အလွန် အရေးကြီးပါတယ် ။ ဒီအင်အားက ပိုက်ဆံပေးပြီးတော့ ဝယ်ချင်တိုင်းဝယ်လို့မရဘူး ။တစ်နေ့ကျရင် ဒီလိုပူလောင်မှုတွေက များပြီးတော့ ခန္ဓာကိုယ်ရော စိတ်ရော လုံးလုံးပုံကျသွားတဲ့ အခါမှာ နာလန်ထူဖို့ဟာထင်သလောက် မလွယ်ပါဘူး ။

(ဆရာတော်ဦးဇောတိက)
မြတ်ဗုဒ္ဓအလင်း