Breaking News
Loading...
Monday, September 30, 2013

Info Post

ပွဲဆူအောင်လုပ်တယ်တော့မထင်ပါနဲ့။ businessinsider.com ရဲ့ ဖော်ပြချက် ကိုပြန်လည်မျှဝေခြင်း သက်သက်သာဖြစ်တယ်။ iPhone 5S မှာလည်း သူ့အား သာချက်သူရှိပေမယ့် ဒီရေးသားချက်တွေမှာ အားနည်းချက်ရှိနေတာကိုတွေ့နေရပါတယ်။ ဝေဖန်သူကတော့ Samsung ကိုအားပေးတဲ့ သူထင်ပါရဲ့ 
iPhone 5s မှာလုပ်လို့မရတဲ့ ဟာတွေကိုသာ သေချာထောက်ပြဝေဖန်သွားပါတယ်။

၁။ Samsung Galaxy S4 မှာ စမတ်တီဗီ တွေကိုထိန်းချုပ်လို့ရတဲ့ universal remote စနစ်ပါဝင်ပြီး iPhone 5S မှာအသုံးပြုလို့မရတဲ့ အားနည်းချက် ရှိတယ်။

၂။ Android ဖြစ်တဲ့ S4 မှာ NFC စနစ်လို့ခေါ်တဲ့ near field communitcation ပါဝင်တယ်။ ဥပမာ သင့်ဖုန်းမှာ Bank အကောင့် Cedit Card နဲ့ချိတ်ဆက်ပြီး ငွေစာရင်းတွေကို ဖုန်းထဲမှာ ထည့်သွင်း ထားတယ်ဆိုရင် စူပါမားကတ်တို့လိုနေရာမျိုးမှာငွေချေတဲ့အခါ ဖုန်းအသုံးပြုပြီး ဆင်ဆာမှာပြလိုက်တာနဲ့ အလိုအလျောက် ဖြတ်တောက်စေတဲ့စနစ်ပါ။iPhone 5S မှာတော့ အဲဒီစနစ်ပါဝင်လာခြင်းမရှိဘူး။ အချို့က ဒီစနစ်ကိုလုံခြုံမူမရှိလို့ ထောက်ပြဝေဖန်ထားတယ်။

၃။ Galaxy S4 မှာ 32GB နဲ့ 64GB တို့အပြင် Micro Sd ကဒ်ထပ်ထည့်အသုံးပြုလို့ရတဲ့ အားသာချက်ရှိတယ်။

၎။ ဘယ်စမတ်ဖုန်းမှာမှ ဘက်ထရီက ပြည့်စုံအားသာတယ်ဆိုတာမရှိပါဘူး။ အားကုန်တဲ့ အချိန်၊သက်တမ်းလွန်ရင် အားနည်းချက်တော့ပေါ်လာစမြဲပဲ။ ဒါပေမယ့် Android ဖုန်းတွေဖြစ်တဲ့ S4 မှာ ဘက်ထရီကိုအလွယ်တကူ ဖြုတ်ယူတပ်ဆင်လို့ရတယ်။ လွယ်ကူစွာလဲလှယ်အသုံးပြုလို့ရတယ်။

၅။ S4 မှာဗီဒီယိုတွေကို 1080p HD Video အပြည့်အဝကြည့်ရှုလို့ရနိုင်တယ်။

၆။ iPhone 5s ကနောက်တစ်ခုမယှဉ်နိုင်တာ မျက်နှာပြင်မှာ S4 ကပိုကြီး ပြီးတော့ ၅ လက်မဆိုတဲ့ အရွယ်အစားနဲ့ အားသာနေတယ်ဆိုတဲ့အချက်ပါပဲ။

၇။ အုပ်စုလိုက် ဂိမ်းကစားတဲ့အခါ၊ဓာတ်ပုံ၊ဗီဒီယိုတွေကို တစ်ယောက်နဲ့တစ်ယောက်မျှဝေတာ၊ APP တွေကိုတစ်ယောက်နဲ့တစ်ယောက် File Sharing လုပ်တဲ့အခါ Android ဖုန်းဖြစ်တဲ့ Samsung Galaxy S4 ကကြိုးမဲ့၊ Wifi Zapya,Bluetooth စနစ်နဲ့ အလွယ်တကူ မျှဝေရယူနိုင်တဲ့ အားသာချက် ရှိတယ်။

၈။ S4 ဟာ ဓာတ်ပုံရိုက်တဲ့ အခါရုပ်ပုံရဲ့  Background တွေမှာမလိုအပ်တဲ့ အရာတွေကို အလိုအလျောက် ဖြတ်ပစ်ပေးနိုင်တဲ့ အားသာချက်ပါဝင်တယ်။

၉။ သင် ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးစာဖတ်နေတယ် (သို့မဟုတ်) တစ်ခုခုလုပ်နေတယ်ပဲ ထားပါ။မျက်နှာပြင်ကို လုံးဝ တို့ထိခြင်းမရှိပဲ ဒီတိုင်းပဲကြည့်နေမယ်ဆိုရင် သတ်မှတ်ထားတဲ့ Screen timeout ကိုရောက်ရင် Screen Off ဖြစ်တယ်ဆိုတာလူတိုင်းသိမှာပါ။သို့ပေမယ့် ဒီ S4 မှာကအဲ့ဒီလိုမဟုတ်ပဲ Screen ကိုကြည့်ရှုနေပါက timeout ဆိုပြီး Screen Off ဖြစ်သွားတယ်ဆိုတာမရှိပဲ Sensor စနစ်နဲ့ အလိုအလျောက်ကြည့်ရှုလို့အဆင်ပြေစေမယ့် အားသာချက်ပါဝင်နေတယ်ဆိုတာပါပဲ။

၁၀။ Galaxy S4 ဟာ ကွန်ပျူတာတွေနဲ့ချိတ်ဆက်တဲ့အခါ အလွယ်တကူ USB နဲ့ချိတ်ဆက်အသုံးပြုလို့အဆင်ပြေစေတယ်။

၁၁။ Galaxy S4 ဟာမျက်နှာပြင်တစ်ခုတည်းမှာကို App နှစ်ခုကို တစ်ပြိုနက် အသုံးပြုလို့ရတဲ့ အားသာချက်တွေ ပါဝင်တယ်။

အထက်ပါ အချက်-၁၁ ချက်က iPhone 5s မှာပါဝင်မူမရှိတဲ့ အားနည်ချက်တွေဖြစ်တယ်ဆိုပြီး busineessinsider ကဖော်ပြထားခြင်းဖြစ်ပါတယ်။

ခွန်နေ(AMMG)
TechSpace Journal