Breaking News
Loading...
Sunday, September 29, 2013

Info Post


၂၈-၉-၂၀၁၃ ရက်နေ့ ၁၃၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊နာရီစင်မီးပွိုင့်တွင် ပြည်အမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှတပ်ဖွဲ့ဝင်များ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်လမ်းအတိုင်း ကိုးသောင်းဈေးဘက်သို့မောင်းနှင်လာသည့် ၈စ/xxxx လိုက်ထရပ်ယာဉ်မှာ မီးပွိုင့်အရောက်တွင် ရှေ့မှရပ်ထားသည့်ယာဉ်အား ၀င်တိုက်မိမည့်အခြေအနေ ဖြစ်ပေါ်ခဲ့သဖြင့် သွားရောက်မေးမြန်းစစ်ဆေး ရာ ပြည်မြို့၊ န၀ဒေးရပ်ကွက်နေ ထွန်းမင်း(၅၃)နှစ်မှာ အရက်အလွန်အကျွံသောက်စားထားပြီး မော်တော်ယာဉ်အား ဘေးကင်းအောင်မောင်းနှင်နိုင်သည့် အခြေအနေမရှိသည်ကိုတွေ့ရှိရသဖြင့် ယာဉ်အား လမ်းဘေးသို့ ခေတ္တ ရပ်တန့်ထားရန်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုခဲ့ရာ ထွန်းမင်းမှာ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအား ညစ်ညမ်းစွာဆဲဆိုခြိမ်းခြောက်ခြင်း၊ ယာဉ်ထိန်းရုံးတံခါးအား ခြေထောက်နှင့် ကန်ကျောက်ခြင်း၊ တာဝန်ဝတ္တရားမထမ်းဆောင်နိုင်လောက်အောင် ဟန့်တားနှောင့်ယှက်ခြင်းများပြုလုပ်ခဲ့သဖြင့် ထွန်းမင်းအား ပြည်မြို့မရဲစခန်း(ပ)၇၄၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၅၃/၂၉၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်