Breaking News
Loading...
Monday, September 23, 2013

Info Post

ဖြေရရင်တော့ ဟုတ်လဲဟုတ်တယ်။မဟုတ်လဲမဟုတ်ဘူးပေါ့ဗျာ။
အသေးစိတ်ရှင်းပြရရင်တော့ ဆေးတွေကို အဓိကအားဖြင့် သုံးမျိုးထုတ်လုပ်ကြပါတယ်။Petrochemical အခြေခံထားတဲ့ဆေးတွေ၊Laboratory based နဲ့ သဘာဝနည်းနဲ့ထုတ်လုပ်တားတဲ့ဆေးတွေဖြစ်ပါတယ်။

Petrochemical based ဆေးတွေဆိုတာ ရေနံနဲ့ ကျောက်မီးသွေးတို့လို ပစ္စည်းတွေကနေ အခြေခံပြီးထုတ်လုပ်တားထာဖြစ်ပါတယ်။အများအားဖြင့် ကျွန်တော်တို့ အင်္ဂလိပ်ဆေးလို့ ခေါ်နေကြတဲ့ဆေးတွေပါ။သူတို့မှာ ဘေးထွက်ဆိုးကျိုး တစ်ခုမက ရှိနေပါတယ်။ဥပမာပေးရမယ်ဆိုရင် လူသုံးများနေတဲ့ ပါရာစီတမောပါ။ပါရာစီတမောဟာ သူ့မှာ အခြားဘေးထွက်ဆိုးကျိုးတွေအပြင် ကော်ဖီနဲ့အတူတွဲသောက်ရင်၊ကော်ဖီသောက်ပြီး ဆေးသောက်ရင် သေဆုံးတဲ့အထိ အန္တာရာယ်ရှိနိုင်ပါတယ်။

နောက်ပြီးတော့ Rosiglitazone ဆိုတဲ့ ဆီးချိုကျဆေးပါ။ဘေးထွက်ဆိုးကျိုးမဖြစ်စေနိုင်ပါဘူးလို့ ကုမ္မဏီက ကြောငြာပေမယ့်။နောက်ပိုင်းလေ့လာချက်တွေအရ နှလုံး နဲ့ ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။

နောက်ပြီးတော့ ကင်ဆာဆေးတစ်ခုကလဲ နောက်ထပ်ကင်ဆာဖြစ်စေနိုင်ပါတယ်။အဲဒါကတော့ Tamaxifan 20 mg လို့ခေါ်တဲ့ဆေးပါ။ရင်သားကင်ဆာ ဖြစ်ရင် အဲဒီဆေးသောက်ရပါတယ်။အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့ သားအိမ်ကင်ဆာ လို ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ပါပဲ။

နောက်ပြီးတော့ Anti-hypertensive လို့ခေါ်တဲ့ သွေးတိုးကျဆေးတွေ၊စိတ်ဖိစီးမှုပြေပျောက်ဆေးတွေ အဲဒီလိုဆေးတွေကို စွဲသောက်နေတဲ့အခါ အဲဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကတော့ ED လို့ခေါ်တဲ့ ပန်းသေ၊ပန်းညိုးရောဂါတွေဖြစ်စေနိုင်ပါတယ်။
နောက်ထပ် ဘေးထွက်ဆိုးကျိုးရှိတဲ့ ဆေးတွေအများကြီးပါပဲ။ပြောရမယ်ဆိုရင်တော့ Pectrochemical based ဆေးတိုင်းလိုလိုဟာ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိပါတယ်။တစ်ချို့ဆေးတွေက ရှာမတွေ့တာရှိသလို ဆေးကုမ္မဏီတွေက ဖုံးကွယ်ထားတာတွေ ရှိပါတယ်။

တကယ်လို့အဲဒီလိုဆေးတွေကိုသာ ဆရာဝန်တွေက ဘေးထွက်ဆိုးကျိုးအကြောင်း မသိဘဲနဲ့ဖြစ်စေ၊သိသော်လဲ အမှုမဲ့အမှတ်မဲ့ အများအပြားပေးလိုက်ခြင်းတွေက ဆိုးကျိုးတွေကို ပိုမိုဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် အထူးကုဆေးခန်းတွေမှာ ဆရာဝန်တွေက လူနာတွေကို ဆေးအပြင်းစားတွေပေးလေ့ရှိပြီး လူနာတွေအနေနဲ့လဲ မြန်မြန်ပျောက်တယ်ဆိုပြီး ကျေနပ်လေ့ရှိပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လူတစ်ယောက်က တကယ်လို့ ဓါတုဗေဒဆေးဝါးတွေကို တစ်နေ့ကို ၅ ဂရမ်ဘဲ သောက်သုံးသင့်တယ်လို့ လမ်းညွှန်ထားတာရှိပါတယ်။

ဒီလိုဆိုကျွန်တော်တို့ သောက်နေတဲ့ မြန်မြန်ရောဂါပျောက်တဲ့ ဆေးအပြင်းတွေဟာ နောက်ဆက်တွဲ ရောဂါတွေကို ဦးတည်ပြီး လမ်းကြောင်းဖောက်ပေးသလို ဖြစ်နေပါကြောင်း

အချက်အလက်များကူညီပေးခဲ့တဲ့ ဒေါက်တာ ခင်မောင်လွင်(FAME) အားကျေးဇူးတင်ရှိပါသည်။

မောင်စိုင်း
(ကနောင်)
Scientist Myanmar