ထိုမေးခွန်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားကို မေးခဲ့ဘူးသည်။ တစ်နေ့သောအခါ ဘုရားရှင်မြတ်ကြီးကိုယ်တိုင် မဂဓတိုင်း ရာဇဂြိုလ်ပြည်၏ အရှေ့အရပ်၊ ဝေဒိယကတောင်၊ ဣန္ဒသညလလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းရောက်ရှိလာပြီး မေးမြန်းသည်မှာ
‘မြတ်စွာဘုရား . . . လူနတ်သတ္တဝါအများတို့သည် ရန်ကင်းငြိုးလျက် ဒဏ်ကင်း
လျက် ရန်သူကင်းလျက် စိတ်ဆင်းရဲကင်းလျက် အမျက်ထွက်ခြင်း ကင်းနေရခြင်း
ကို လိုချင်တော့တ, ကြပါကုန်၏။ သို့ပါလျက် ရန်ငြိုးရှိလျှက်၊ ဒဏ်ရှိလျှက်၊ ရန်သူ
ရှိလျက်၊ အမျက်ထွက်လျက်နေကြရသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း‘
ထိုအခါ ဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့်ဝန်တိုခြင်း၊ မစ္ဆရိယ ရှိသောကြောင့်ဟု၍ြ ပတ်ပြတ်သားသား အဖြေပေး တော်မူခဲ့ပါသည်။
(သုတ်မဟာဝါပါဠိတော်၊ သက္ကပဥှာသုတ်)
ဗုဒ္ဓ အရိပ်