Breaking News
Loading...
Friday, September 27, 2013

Info Post

မုတ်သုံမိုးနဲ့မုန်တိုင်းမိုးကတော့ ကျွန်တော်ပြောဘူးသလို လေနဲ့ဝမ်းနဲ့ မကွဲတော့ဘူး ထင်တယ်ဗျ။ တကယ်တော့ မုတ်သုံက ဆုတ်ချင်နေပါပြီဗျာ။ ဒါပေမယ့် အရှေ့ဖက်ကမုန်တိုင်းတွေက ဟော..တစ်လုံး၊ ဟော..တစ်လုံး နဲ့ အဆက်မပြတ်ဖြစ်နေပြီး ဖြစ်လိုကတိုငးလည်း သာဂိတို့ဘက်ဆီကိုဘဲ လာနေလေတော့ ကျွန်တော့ရဲ့ မုတ်သုံလေးက ဘယ်ထွက်နှိုင်တော့မလည်းဗျာ။

အခုလည်း တောင်တရုတ်ပင်လယ်ထဲမှာ ၂၀၁၃ ခုနှစ်ရဲ့ အကြိမ်(၂၀)မြောက် အပူပိုင်းမုန်တိုင်းဟာ အနောက်ဖက်ကို သီးတည်ရွေ့နေပြန်ပါပြီ။ မုတ်သုံလေဦးရဲ့တည်နေရာကလည်း မုန်တိုင်းရွေ့ဖို့ နှပ်ကြောင်းပေးထားသလို အထင်အရှား ရှိနေလေတော့ ဒီမုန်တိုင်းဟာလည်း လောလောဆယ် အခြေအနေအရတော့ သာဂိတိုကဆီကိုပါဘဲဗျာ။

USA က JTWC ကခန့်မှန်းထားတာကတော့ အောက်တိုဘာ လဆန်းလောက် ဆို မြန်မာနှိုင်ငံအရှေ့ပိုင်းဆီကို ရောက်လာမယ်လို့ ခန့်မှန်းထား ပါတယ်။ ရောက်လာရင်တော့ မိုးတွေရွာဦးမှာပေါ့။ ဒီလိုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသ(မအူပင်၊ ပုသိမ်၊ ရန်ကုန်(မင်္ဂလာဒုံ) နဲ့ ပဲခူးမြို့တွေနဲ့) အနီးပတ်ဝန်းကျင်မှာ လက်ရှိရေဖုံးလွှမ်းခံရနှိုင်မှု အလားအလာမြင့်မားနေတဲ့ ဒေသတွေအတွက်တော့ သတိထားဖို့လိုလာပြန်တာပေါ့။

သက်သာရာရနှိုင်တောကတော့ လောလောဆယ် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုတ်သုံလေက အခြေပျက်စပြုနေပြီ။ အရှေ့ဖက်က မုန်တိုင်းမလာခင် မုတ်သုံလေ ဟာ မြစ်ဝကျွန်းပေါ်ကနေ ဆုတ်သွားမယ်ဆိုရင်တော့ ရေကြီးမှုကို သက်သာရာရစေနိုင်ပါလိမ့်မယ်။

ကျွန်တော့အထင်တော့ မုတ်သုံလေဟာ စက်တင်ဘာလ မကုန်မီ မြန်မာနှိုင်ငံ အတွင်းက ဆုတ်ခွာသွားလိမ့်မယ်လို့ ခန်မှန်းရကြောင်းပါဗျာ။

ဒေါက်တာထွန်းလွင်