Breaking News
Loading...
Friday, September 27, 2013

Info Post


အင်ဒိုနီးရှားနိုင်ငံရှိ သဘောထားတင်းမားသည့် မွတ်ဆလင်မ်များက ဆန့်ကျင်ကန့်ကွက်နေသည့်တိုင် မယ်ကမ္ဘာပြိုင်ပွဲ နောက်ဆုံးအဆင့်ကို စနေနေ့ (စက်တင်ဘာ ၂၇ ရက်) ၌ ဘာလီကျွန်းတွင် ကျင်းပ မည်ဖြစ်သည်။ အင်ဒိုနီးရှားရှိ အစွန်းရောက်မွတ်ဆလင်မ်များက မယ်ကမ္ဘာပြိုင်ပွဲကို တိုက်ခိုက်နိုင်ကြောင်း ခြိမ်းခြောက်မှုများလည်း ရှိနေသည်။ 

မယ်ကမ္ဘာပြိုင်ပွဲ နောက်ဆုံးအဆင့်ကို သဘောထားတင်းမာသည့် မွတ်ဆလင်မ်များ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဟိန္ဒူအများစု နေထိုင်ရာ ဘာလီတွင် ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်သည်။ မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပမည့် ဘာလီကျွန်းတွင် လုံခြုံရေး အထူးကြပ်မတ်ထားကြောင်း သိရသည်။ 

အင်ဒိုနီးရှားတွင် ကျင်းပပြုလုပ်သည့် သီတင်းပတ် ၃ ပတ်ကြာ မယ်ကမ္ဘာပြိုင်ပွဲသို့ အလှမယ် ၁၂၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဘာလီတွင် ပြုလုပ်မည့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၈၀ ကျော်သို့ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။