Breaking News
Loading...
Monday, September 23, 2013

Info Post

ဒီအပင်ကို သိကြမှာပါ။ 
Mandrake ပင်လို့ခေါ်ပြီး ရာဇ၀င် ထဲမှာတော့ သူ့ကို ဆွဲနှုတ် လိုက်ရင် အော်ပြီး သူ့အော်သံက လူတွေကို သေစေနိုင် ပါတယ်တဲ့။ 

သူ့ရဲ့ အမြစ်၊ အရွက် စတာတွေ အားလုံးက အဆိပ်ရှိပြီး အသီး ကတော့ အဆိပ် မရှိပါဘူးတဲ့။ သူ့ရဲ့အမြစ် တွေက နှစ်ခုကွဲ နိုင်စွမ်း (bifurcations) ရှိတာကြောင့် လူပုံစံ လိုလို ထင်နေရပြီး စားမိရင် အော့အန်တာ၊ ၀မ်းလျော တာတွေ၊ အဆိပ်သင့် တာတွေပါ ဖြစ်တတ် ပါတယ်။

မှော်ပညာရပ် နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူ့ကို အသုံးပြု တတ်ကြပါတယ်။ Hitler ကသူ့ရဲ့ good luck charm အဖြစ်တောင် Mandrake ကိုသုံးခဲ့တယ် ဆိုတဲ့ ပါးစပ် ရာဇ၀င် ရှိဖူးပါတယ်။ 

၁၉၃၃ လောက်မှာ Hitler ကအရာရာကို ဆုံးရှုံး နေတဲ့ အချိန်မှာ ဗေဒင်ဆရာ Erik Jan Hanussen နဲ့တွေ့ဆုံ ခဲ့ပြီး သူ့အကြံ ပေးချက် အတိုင်း Mandrake ကိုဆောင်ခဲ့ ရာက ရက်၃၀အတွင်း အာဏာရ လာခဲ့တယ်လို့ ဆိုကြပါတယ်။

[source: wiki, national geographic]
Myanmar Youth Media Club