ပြည်ကြီးတံခွန်မြို့နယ်၊ ဇဇရပ်ကွက်မှာ ဒေါ်တင်တင်အေးအမည်ရ ကန်စွန်းရွက်သည်ကြီးတစ်ယောက် ရှိပါတယ်။ ကရင်/ခရစ်ယာန်ပါ။ သူ့အမျိုးသားကတော့ ဗမာ/ဗုဒ္ဓ။ သမီးလေးနှစ်ယောက်ရှိပါတယ်။
သမီးအကြီးမ မဖြိုးဖြိုး (၁၆) နှစ်အရွယ်မှာ မူဆလင်ကုလား ပိုးပိုး(ခ) ဇော်ကြီး (.....) နှစ်ရဲ့ အနိုင်ကျင့်မှုကို ခံလိုက်ရပါတယ်။ ဒေါ်တင်တင်အေးက ရဲတိုင်ပါတယ်။ ကုလားကို 17.5.2013 မှာ ဖမ်းလိုက်ပါတယ်။ ကြံရာပါ ဒေါ်နွဲ့ကိုဖမ်းထားပြီးမှ အာမခံပေးထားပါတယ်။ ဇွန်လမှာ ဒေါ်နွဲ့သမီးနှင့် ကုလားတစ်ယောက်က ဒေါ်တင်တင်အေးကို သိန်း(၅၀) ပေးပါတယ်။ ကြေအေးဖို့ပါ။ ဒေါ်တင်တင်အေးက “လူတွေကို ဟင်းရွက် ကန်စွန်းလို သဘောထားပြီး ရောင်းဝယ်လို့မရဘူး” လို့ ဆိုကာ ငြင်းဆန်ခဲ့ပါတယ်။
အဲဒီနောက် ဇူလိုင်လ 21.7.2013 မှာ ဒေါ်တင်တင်အေး ဆိုင်ကယ်အပြင်းမောင်းပြီး တိုက်တာ သုံးကြိမ်ခံရပါတယ်။ မြောင်းထဲခုန်ချလိုက်လို့ လွတ်သွားပေမယ့် ခြေထောက်တော့ ငြောင့်ဆူးလို့ ဆေးခန်း ပြခဲ့ရပါတယ်။ တိုက်သူက တရားခံကုလားရဲ့ ညီပါ။ အင်္ကျီမှတ်မိတယ်။ ဆိုင်ကယ်မှတ်မိတယ်။ ခန္ဓာကိုယ်လည်း မှတ်မိတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားလို့ မျက်နှာမမှတ်မိလို့ တရားစွဲခွင့် မရခဲ့ပါဘူး။
ဆိုင်ကယ်တိုက်ပြီး မကြာခင် ဇူလိုင်လထဲမှာပဲ ဒေါ်နွဲ့သမီးနှင့် အခြားကုလားတစ်ယောက် ထပ်ရောက် လာပါတယ်။ သိန်း(၅၀) နည်းရင် (၆၀) ပေးမယ်ပြောလာပါတယ်။
“ရှင်တို့ပေးတဲ့ သိန်း(၆၀) ကို ကန်စွန်းရွက် ရောင်းရတဲ့ ပိုက်ဆံတစ်ထောင်ကျပ်လောက် မမက်ဘူး” လို့ ပြောပြီး ငြင်းလိုက်ပါတယ်။
အဲဒီနောက် ဒေါ်နွဲ့သားရောက်လာပါတယ်။ စစ်ဗိုလ်တစ်ယောက်ပါ။ သူက ဒေါ်တင်တင်အေးကို လ္ဘက်ရည်ဆိုင်မှာ ခေါ်တွေ့ပြီးပြောပါတယ်။ “သူ့အမေ မကောင်းတာတော့မကောင်းတာပါ။ အသက်အရွယ် ကြီးရင့်သူမို့ သက်ညှာသင့်ပါတယ်” လို့ ပြောပါတယ်။
“သမီးတစ်ယောက်လုံးရဲ့ အမည်းစက်က တစ်သက်လုံး ဖျက်လို့မရတော့ဘူး။ စစ်သားတွေ အပြစ်လုပ်ရင် စစ်ထောင်ထဲထည့် ဆုံးမရသလို မတရားသူကို ဥပဒေအရ ဆုံးမတာပဲ သဘောကျတယ်” လို့ ပြောလိုက် ပါတယ်။
ဒီကြားထဲမှာ ကောင်မလေးဖြိုးဖြိုးကို လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ဝှက်ထားလိုက်ပါတယ်။ ဒါကို ခြေရာခံမိသွားလို့ ဘုန်းကြီးကျောင်းမှာ ထားလိုက်ပါတယ်။ ဘုန်းကြီးကျောင်းထဲထိ ကုလားတွေလိုက်ရှာကြလို့ အိမ်ပြန်ပို့လိုက်ကြ ပါတယ်။ ကောင်မလေးကို လူအုပ်နှင့်လာပြီး ထပ်မံခြိမ်းခြောက်တာ၊ ဆိုင်ကယ်နှင့် လိုက်တိုက်တာကြောင့် ကောင်မလေးကို အဝေးတစ်နေရာပို့ပြီး ဝှက်ထားရပါတယ်။
ကောင်မလေးကို ရှာမတွေ့လို့ အမေကို လုပ်ကြံတာပါ။
လုပ်ကြံတာမအောင်မြင်တဲ့အခါ 21.9.2013 မှာ ဒေါ်နွဲ့ရဲ့ သားအကြီး ကိုအောင်ကြီးက အိမ်ထဲထိဝင်ရှာပါတယ်။ ကောင်မလေးမရှိမှန်းသိတယ်။ ကောင်မလေး အမေနဲ့ တွေ့ချင်လို့ ပြောပြီး ဝင်ရှာတာပါ။ ဒေါ်တင်တင်အေး ဈေးသွားနေလို့ မတွေ့လိုက်ရပါ။
နောက်တစ်နေ့ 22.9.2013 ရက်နေ့မှာတော့ ဈေးသွားရာနောက် လိုက်လာပါတယ်။ ဒေါ်နွဲ့သား ကိုအောင်ကြီး နှင့် လူစိမ်းကုလားတစ်ယောက် ဆိုင်ကယ်ကိုယ်စီ စီးလာတာပါ။ ကုလားက စပြောပါတယ်။ လက်ဆွဲအိတ် အနက်ကိုဖွင့်ပြီး ငွေထုပ်တွေပြပါတယ်။ ငါးထောင်တန်အုပ်တွေနှင့် တစ်ထောင်တန် အုပ်တွေပါ။
“မင်း.....သိန်းခြောက်ဆယ် နည်းလို့လား၊ သိန်း တစ်ရာပေးမယ်”
“မလိုချင်ဘူးလို့ ပြောပြီးသားဘဲ လုံးဝလက်မခံဘူး”
“ကန်စွန်းရွက်ခူးရောင်းတဲ့သူအတွက်ဆို ဒီသိန်းတစ်ရာက ဘဝပြောင်းလဲသွားနိုင်တယ်”
“သိန်းတစ်ရာယူပြီး ကိုယ့်သားသမီးအမည်းစက် အစွန်းခံရတာမျိုး လုံးဝမလိုလားဘူး၊ လက်ခံလိုက်ရင် သွေး သားရောင်းစားလိုက်သလို ဖြစ်သွားမှာ။ ဥပဒေရှိနေလို့ ဥပဒေအရ အရေးယူတာ ဥပဒေသာမရှိရင် ကျွန်မကိုယ် တိုင် ကုလားကိုသတ်မှာ”
“28 ရက်နေ့ပြန်လာမယ် စဉ်းစားထား”
ကုလားအကြည့်က အေးစက်မာကြောပြီး စကားသံက ခက်ထန်တယ်လို့ ဆိုပါတယ်။ ဒေါ်တင်တင်အေးက 23 ရက်နေ့မှာ ရပ်ကွက်လူကြီး ဦးလေးမောင်ထံ တိုင်ကြားထားပါတယ်။ ရဲကင်းကိုလည်း သတင်းပို့ထားပါတယ်။
ကုလားရဲ့မျက်လုံး၊ ကုလားရဲ့အမုန်းနဲ့ ကုလားစကားလုံးတွေကို တွေးမိတိုင်း 28.9.2013 ရက် ရောက်မှာ ကြောက်နေရှာပါတယ်။
တရားခံ ပိုးပိုး(ခ) ဇော်ကြီးဟာ ရေတံခွန်တောင်ခြေမှာနေပြီး ရေတံခွန်တောင် ဂေါက်ကွင်းမှာ သစ်ပင်ရေး လောင်းတဲ့ အလုပ်သမားပါ။ ငွေသိန်းတစ်ရာကို ဘယ်သူတွေက ထောက်ပံ့တယ်၊ ဘာကြောင့် ထောက်ပံ့တယ် ဆိုတာကတော့ ပဟေဠိမို့ အဖြေညှိကြစို့နော်....။
(ပ)နံပါတ် ၂၂၄/၂၀၁၃။ ပုသိမ်ကြီးရဲစခန်း။ ပုသိမ်ကြီးတရားရုံး။
အိုးပိုင်အိမ်ပိုင်မရှိ၊ ကျူးကျော်ရပ်ကွက်မှာနေရတဲ့ ဟင်းရွက်ခူးရောင်းရတဲ့ ကန်စွန်းရွက်သည် ကရင်/ခရစ်ယာန် မိခင်တစ်ယောက်ရဲ့ မေတ္တာတရားနှင့် ဇာတိသွေး ဇာတိမာန်ကို ရွှေမြန်မာတွေ မီအောင်တောင် လိုက်နိုင်ပါ့ မလား....?ဗျာ။ တကယ်ဆိုရင် လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသူ၊ ဆင်းရဲသားအတွက် ငွေသိန်းတစ်ရာဟာ သွားရည်ကျစရာကြီးမဟုတ်လား....?။
wira Thu ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။