Breaking News
Loading...
Monday, September 30, 2013

Info Post

ဒီနေ့ တော့  မိမိရဲ့ အရေးကြီးတဲ့ password တွေကိုကာကွယ်နိုင်မဲ့ နည်းလမ်းလေး တစ်ခုကိုပြောပြပေးချင် ပါတယ်။ facebook password တွေပဲဖြစ်ဖြစ် မိမိတို့ ရဲ့  gmail account တွေပဲ ဖြစ်ဖြစ် မိမိနှစ်သက်တဲ့ website တွေပဲဖြစ်ဖြစ် ။ptc ငွေရှာနေတဲ့ အကောင့် တွေပဲဖြစ်ဖြစ်အားလုံးကိုလုံခြုံရေး နှစ်ထပ်ချလို့ ရမဲ့ ဆော့ ဝဲလေးပါ။ အကြောင်းအမျိုးမျိုးကြောင့် သူများကွန်ပျူတာတွေကိုဝင်ရောက်သုံးစွဲနေရတဲ့ သူတွေလည်းဒီနည်းလမ်းလေး ကိုသုံးရင်အဆင်ပြေမယ်လို့ ယူဆပါတယ်။တစ်ယောက်ကို တစ်ယောက်ကျော်ခွခြင်းမှကင်းဝေးအောင်ဒီနည်းလမ်းလေးကို သာသုံးလိုက်ပါ။100% အလုပ်လုပ်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားပါတယ်ခင်ဗျာ။ဒီနည်းလမ်းက ကွန်ပျူတာအတွက်သာသုံးလို့ ရမှာပါခင်ဗျာ။ အရင်ဆုံး DOWNLOAD ယူလိုက်ပါ။


(အဆင့် -၁) ရလာတဲ့ ဖိုင်ကို RUN လိုက်ပါ။ပြီးရင်Master password နေရာမှာ series key ကိုဖြည့် ပေးပါခင်ဗျာ။ဒါဆိုအမြဲအသုံးပြုလို့ ရပါပြီခင်ဗျာ။ (အဆင့် -၂) အောက်ကပုံလေးအတိုင်း (ဥပမာ-facebook အကောင့် ကို password နှစ်ထပ်လုပ်ချင်တယ်ဆိုရင် အောက်ကပုံအတိုင်း ဖြည့် ထည့် ပေးပါ) name နေရာမှာ facebook ကနာမည်။ link နေရာမှာ facebook က url ကိုထည့် ပေးပါ။password နေရာမှာ facebook ကpassword ကိုထည့် ပေးပါခင်ဗျာ။(ဂရုစိုက်ပါ)ပြီးရင် add ကိုနိပ်ပါ။

(အဆင့် -၃ ) ဒီအဆင့် မှာကတော့ မိမိတို့ ရဲ့ facebook ကိုဝင်ချင်တယ်ဆိုရင် launch ဆိုတာလေးကိုနိပ်ပြီးဝင်နိုင်ပါပြီခင်ဗျာ။

gmail အတွက်ဆိုရင်တော့ app account မှာဝင်ပြီးလုပ်ပေးပါ။ခင်ဗျာ။အားလုံးအဆင်ပြေမယ်လို့ ယူဆပါတယ်။

software မြို့တော်