Breaking News
Loading...
Sunday, September 29, 2013

Info Post

၂၉-၉-၂၀၁၃ ညနေ၅နာရီ၃၂မိနစ် 

လက်ပန်တောင်းတောင်ခြေရှိ လယ်တီသိမ်နှင့်စေတီတော်ကို ကာကွယ်စောင့်ရှောက်ရန် မန္တလေးမြို့မှ စတင်ချီတက် လာသောပြည်များ အခက်အခဲ အမျိုးကြားမှ ယခုစစ်ကိုင်းမြို့ကောင်း မှုတော်စေတီနှင့် မနီးမဝေး ကိုရောက်ရှိလာပြီပြည်သူအင်အား(၁၀၀၀) ကျော်ခန့်ရှိပြီးစစ်ကိုင်းမြို့နေပြည်သူ များမှလဲ လှိုက်လှိုက် လှဲလှဲအားပေး ကူညီနေကြပါသည်၊ ဘုရားကြီးတွင်ခေတ္တ နားမည် စီစဉ်ထားသည်၊၊ လုံထိန်း ရဲများမှလဲဘုရား အနီးတွင်ထပ်မံပိတ်ဆို့နိုင်ရန်ပြင်ဆင်နေသည်၊၊

KO Han Win Aung

စစ်ကိုင်းမြို့ထဲဝင်ရောက်နိုင်ပြီ လက်ပန်တောင်းတောင်ဒေသရှိ ကြေးနီစီမံကိန်းကြောင့် မကြာခင် ဖြိုဖျက် ခံရတော့မည့်လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ်နှင့်စေတီတော် ထိန်းသိမ်းကာကွယ်ရေး အတွက် မန္တလေးမြို့မှ ချီတက်လာသောပြည်သူများ စစ်ကိုင်းတံတားကိုဖြတ်ကျော်ပြီး စစ်ကိုင်းမြို့ကိုစဝင်ချိန်မှာ ရဲတပ်ဖွဲ့ဝင်များ သံဆူးကြိုးဖြင့် ကာရံလိုက်ပြီး ဒုတ်တွေဖြင့် ဝင်ရိုက်နေပြီပြည်သူတွေကို ဆွဲရမ်း ထိုးကြိပ်နေပြီ မြင်းခြံမှကိုသန့်ဇင်နှင့်နှစ်ယောက် ဖမ်းသွားပြီ၊ ယခုကိုသန့်ဇင်ပြန် လွတ်လာပြီပြည် သူတွေ လက်ခြင်းချိပ်ပြီ လမ်းပေါ်တွင် ထိုင်ချလိုက်ပြီ လုံထိန်းများကားပေါ် ဆွဲတင်ရန်ကြိုးစားနေသည် အချုပ်ကားများ၊ လူနာတင်ကားများပါ အသင့်ရှိနေသည်၊၊ ပြည်သူများမှစစ်ကိုင်းမြို့ကိုဝင်နိုင်ရန် ဆက် လက်ကြိုးစားနေပြီးလုံထိန်းများမှ နံပါတ်များဖြင့်ဝိုင်းရံ ထားသော်လည်းအောင်မြင်စွာဖြင့် ချီတက် လာနိုင်ပြီးကောင်း မှုတော်စေတီအနီးရောက်ရှိပြီ လုံထိန်းရဲများ ထပ်မံပိတ်ဆို့ထားသည်၊၊ ချီတက်ဆန္ဒပြပြည် သူမျာဖမ်းဆီးခံရမှုမရှိသေးပါ။

၂၉-၉-၂၀၁၃ ညနေ၅နာရီ၂၄မိနစ်

KO Han Win Aung