Breaking News
Loading...
Wednesday, September 25, 2013

Info Post

မန်ယူနည်းပြ မိုရက်စ်က လီဗာပူးနှင့် ကစားရမည့် Capital One ဖလား ပြိုင်ပွဲတွင် တိုက်စစ်မှူး ဗန်ပါစီပါဝင်နိုင်မည်မဟုတ်ဟု ပြောကြားသွားခဲ့သည်။ ဗန်ပါစီမှာ လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ပေါင်ခြံ ဒဏ်ရာကြောင့် မန်စီးတီးကို (၄)ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် မန်ချက်စတာ ဒါဘီပွဲတွင်လည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

မိုရက်စ်က “ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ ဗန်ပါစီ ပါဝင်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ စနေနေ့ပွဲမှာတော့ ပါဝင်ကစားခွင့်ရှိနေပါတယ်”ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီမှာ ၂၀၁၁ ခုနှစ် မတ်လ ၅ရက်နေ့မှစ၍ ၎င်း၏အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ယခုရာသီတွင် မန်ယူအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၃)ဂိုး သွင်းယူပေးထားသူလည်းဖြစ်သည်။

ထို့အပြင် မိုရက်စ်က လီဗာပူးမှာ မိမိတို့၏ အစဉ်အလာ ပြိုင်ဘက်ဖြစ်ပြီး ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်သော်လည်း Capital One ဖလား ပြိုင်ပွဲမှာ လူငယ်များကို ပွဲထုတ်ရန် အသင့်တော်ဆုံး ဖြစ်ခြင်းကြောင့် အဆိုပါပွဲစဉ်တွင် လူငယ်ကစားသမားများ အသုံးပြုနိုင်သည်ဟု အရိပ်အမြွက် ပြောခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)