လူရယ်လို့ ဖြစ်လာရင် အချစ် ဆိုတာကို မခံစားတတ်သူ မရှိသလောက် ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လိုဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...
ချစ်တာ သိပ်မကောင်ဘူး
မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့အ ဖြစ်မျိုးတော့ မကြုံတွေ့ဖူးပါဘူး။ အ ချစ်ဆိုတာကို အများကြီးတော့ ကျွန် တော်မတွေ့ကြုံဖူး ပါဘူး။ ကျွန်တော် သိသလောက်တော့ ချစ်တာသိပ်မ ကောင်းဘူးလို့ထင်ပါတယ်။
အချစ်ကချိုပါတယ်
အခုကြုံတွေ့နေရတဲ့ အချစ်က တော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ပါပဲ။ တချို့ အချစ်ကိုချိုတယ်လို့ ပြောကြတယ်။ တချို့က ခါးတယ် လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန် တော်သိသလောက် ကတော့ အချစ် ကချိုပါတယ်။ အရမ်းစားတာများ ပြီး ချိုလွန်းသွားရင်တော့ ချွဲကျပ် တတ်ပါတယ်။
လူတစ်ယောက်ရဲ့ အရေးပါပုံပေါ် မှုတည်ပြီး အချစ်က အရေးပါပုံက ကွာတယ်
ကျွန်တော် လက်ခံထားတဲ့အ ချစ်ကတော့ အဓိကက နားလည်မှု ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်ရမယ်၊ ချစ်ရမယ်၊ သစ္စာ ရှိရမယ်။ တစ်ယောက်နဲ့တစ် ယောက် နားလည်မှပဲ ကျန်တဲ့အ ရာတွေကိုဆက်လုပ်လို့ရမှာပါ။ အ ချိန်ကာလရယ်၊ လူတစ်ယောက်ရဲ့ စိတ်အခြေအနေရယ် တို့အပေါ်မူ တည်ပြီး အချစ်ရဲ့အရေးပါ ပုံကကွာ လိမ့်မယ်လို့ ထင်တယ်။ တစ်ခါတ လေ ဘာမှအာရုံစိုက်စရာကိစ္စမရှိ ရင် အချစ်ကအရေး ပါတယ်။ ဒါပေ မဲ့ အလုပ်တွေများနေရင် အချစ်ကို အကန့်တစ်ကန့်လောက်ပဲထားနိုင် တော့တယ်။ ကျွန်တော်လည်း အဲဒီလိုပါပဲ။
အချစ်က အရမ်းယုံလို့ မကောင်းဘူး
အချစ်နဲ့ပတ်သက်ပြီး ကျွန် တော်ကိုယ်တိုင်ဖွင့်ထားတဲ့ဒဿန ဆိုတာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ အချစ်က ချိုတယ်။ အရမ်းစားလွန်း ရင်တော့ ချွဲကျပ် တတ်တယ်လို့ခံ စားမိပါတယ်။ ဆယ်တန်းအောင် ခါစဆယ်ကျော်သက် အရွယ်က ချစ် မိတဲ့အချစ်မျိုးတော့ရှိတယ်။ ဒါပေ မဲ့ အချစ်ကို အရမ်းကြီးယုံကြည်သွား တာတော့ မရှိပါဘူး။ အခုချိန်မှာ ပြန် တွေးကြည့်လိုက်တော့ ကျွန်တော် တွေ့ကြုံခဲ့ဖူးတဲ့အချစ်တွေအရပြော ရရင် အချစ်ကအရမ်းယုံကြည်လို့မ ကောင်းဘူး။
အချစ်နဲ့ အိမ်ထောင်ပြုတာဟာ အချိုးမကျဘူး
အချစ်နဲ့ အိမ်ထောင်ပြုတာဟာ အချိုးကျတယ်လို့တော့ ကျွန်တော် လက်မခံဘူး။ တချို့က ကိုယ်တ ကယ်ချစ်တဲ့ သူနဲ့ယူသွား ကြတယ်။ တချို့က တကယ်မချစ်ဘဲ ရေစက် တစ်ခုခုကြောင့်လက်ထပ်ဖြစ်သွား တယ်လို့ထင်ပါတယ်။
အိမ်ထောင်တစ်ခုမှာ လိုအပ်တဲ့ အချစ်က သမီးရည်စား အချစ်ထက်ပိုတယ်
အိမ်ထောင် တစ်ခုတည်မြဲဖို့က တစ်ယောက်နဲ့တစ်ယောက်ချစ်တာ နဲ့ တိုက်ဆိုင်သွားတယ်လို့ထင် တယ်။ အိမ်ထောင်တစ်ခုတည်မြဲဖို့ ကလည်း နားလည်မှုလိုတယ်။ အ ချစ်လိုတယ်။ သစ္စာရှိဖို့ လိုပါတယ်။ အိမ်ထောင် တစ်ခုမှာ လိုအပ်တဲ့အ ချစ်က သမီးရည်းစား အချစ်ထက်ပို သွားပြီလို့ထင်ပါတယ်။ လင်မယား နှစ်ယောက်တည်း မဟုတ်တော့ဘူး။ သားသမီးတွေ ပါပါလာပြီဆိုတော့ အဲဒါတွေကို အချစ်နဲ့တည်ဆောက် ရမှာဖြစ်တဲ့ အတွက် အချစ်ကတော် တော်လိုအပ်လာပြီ။
အိမ်ထောင်ပြုရမယ့် သူမို့လို့ ချစ်ဖို့ကြိုးစားတာ မကောင်းဘူး
ကျွန်တော်က ကျွန်တော်ချစ် တဲ့သူကိုပဲ လက်ထပ်မှာပါ။ ကျွန် တော်တစ်ယောက်တည်း အမြင်နဲ့ ပြောရရင် ကိုယ်အိမ်ထောင်ပြုမယ့် သူက ကိုယ်တကယ်ချစ်တဲ့ သူနဲ့ပဲ ပြုစေချင်ပါတယ်။ အိမ်ထောင်ပြုရ မယ့်သူမို့လို့ ချစ်ဖို့ကြိုးစား တာမ ကောင်းပါဘူး။
ရိုးရာလေး