Samsung တို့ Independent ဖြစ်တဲ့ မိုဘိုင်းဖုန်း ကုမ္မဏီကြီးတစ်ခု တည်ထောင်ချင်ပုံပေါက်ပါတယ်။ ဖန်တီးမှု နှေးကွေးနေတဲ့ Tizen OS ကို ပိုမိုအလေးပေး ကြိုးစားနေပါပြီ။
လက်တလောကပဲ Samsung Galaxy S4 ပေါ်မှာ တင်ထားတဲ့ Samsung တို့ ကိုယ်ပိုင်လုပ် မိုဘိုင်းဖုန်း OS ဖြစ်တဲ့ Tizen ကို ပြသ သွားပါတယ်။ ဒီတော့ စိတ်ဝင်စားစရာပါ။ Android နဲပလည်းမတူ၊ iOS 7 နဲ့လည်း မတူတဲ့ Tizen နောက်ဆုံးထွက် ဗားရှင်း နံပါတ် ၃ (Tizen 3 OS ) ကို ပြသ သွားခြင်း ဖြစ်ပါတယ်။
နောက်ဆိုရင် Samsung ရဲ့  မိုဘိုင်းဖုန်းတွေမှာ Tizen ကို အစားထိုးသွားမယ်လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ဒီတော့ ကြီးမားတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကြီးတွေ ဖြစ်ပေါ်အုံးမှာပါ။ Tizen ကို ဒီထက်ပိုအဆင့်မြင့်လို့ Samsung ရဲ့  ထုတ်ကုန်တိုင်းမှာ အသုံးပြုသွားဖို့ စီမံကိန်းချထားကြောင်း သိရပါတယ်။
Ref: pocketlint
Aung Kham (MM Social Sky)