၂၀၁၁ ခုနှစ် သြဂုတ်လကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကားဈေးကွက်မှာ ပြိုင်ဆိုင် သယောင် ရှိနေတဲ့ ဂျပန် Toyota နဲ့ အမေရိကန် Ford ဟာ အတူပူးပေါင်းပြီးတော့ ကားမျိုးဆက်သစ်များ ဖန်တီးနေကြောင်း သိရပါတယ်။
Hybrid ကားထုတ်လုပ်ဖို့အတွက် ပူးပေါင်းထားခြငး ဖြစ်ပါတယ်။ ဘယ် ကုမ္မဏီနဲ့ နိုင်ငံကမှ မဖန်တီး ဖူးသေးတဲ့ ဟိုင်းဘရစ်နည်းပညာများကို ကြိုးစား ရှာဖွေပြီး Toyota နဲ့ Ford နှစ်မျိုးဆက်တဲ့ ဟိုင်းဘရစ်ကားများကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ကားကလည်း Concept အဆင့်မှာသာ ရှိသေးတဲ့ Toyota နဲ့ Ford တို့ရဲ့  ဟိုင်းဘရစ်ပါဝါသုံး SUV ကား ဖြစ်ပါတယ်။ အလား တူပဲ အခြားသော ကားအမျိုးအစားပေါင်း မြောက်များစွာကိုပါ Hybrid ဗားရှင်းအဖြစ် ပူးပေါင်း ဖန်တီးဖို့ သဘောတူထားကြကြောင်း သိရပါတယ်။
.
Ref: autoblog
Aung Kham (ရိုးရာလေး)