နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်ဆောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မတ်လက
လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေးဒေသတွင် ရာပေါင်းများစွာ သော
ကန့်ကွက်ဆန္ဒပြသူတို့၏နှောင့်ယှက် ဟန့်တားမှုကို ခံခဲ့ရသည်။ သူမအား ကန့်
ကွက်ဆန္ဒပြသူများမှာအစိုးရကျောထောက် နောက်ခံရှိသူတို့၏ မြေယာသိမ်းယူမှုများ နှင့်
ရက်စက်လှသည့် တပ်မတော်၏ ဖိနှိပ် မှုတို့ကို ခံစားနေကြရသော သားကောင် များဖြစ်ကြသည်။
တပ်မတော်၏ ဆောင် ရွက်မှုများသည် တရားဥပဒေနှင့်ညီညွတ် ခြင်းရှိမရှိနှင့်
တောင်သူလယ်သမားတို့ အနေဖြင့် ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုများ အတွက် မည်သို့မည်ပုံ
နစ်နာကြေးရရှိ သင့်သည် စသည်တို့ကို သတ်မှတ်ဖော်ပြ ရန်အတွက် ဖွဲ့စည်းထားသည့် လက်ပံ
တောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မ ရှင်၏ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏
အစီရင်ခံစာသည် ကမ္ဘာတစ်လွှားရှိ များစွာသောပုဂ္ဂိုလ်များ အား အံ့အားတသင့်
ဖြစ်စေခဲ့သည်။ သူမ၏ကော်မရှင်သည် အကြမ်းဖက်မှုအတွက် တာဝန်ရှိသည့် တပ် မတော်အရာရှိကြီးများအား
ရှုတ်ချဝေဖန် ခြင်းမပြုသကဲ့သို့၊ တောင်သူများအား လည်း ၎င်းတို့၏ နေအိမ်များသို့
ပြန်လည် နေထိုင်ခွင့်လည်း မပြုခဲ့ချေ။ ယင်းအစား တောင်သူလယ်သမားများအား ငွေကြေး
ပေးလျော်မှုများ ရရှိစေခဲ့သည်။
''အမေစုကို ချစ်ခဲ့ရသမျှ၊ အခု တော့ အလကားပဲ''ဟု ရွာသူတစ်ဦးကဆို ၏။
''အမေစု၏ အစီရင်ခံစာမှာ လူထု အတွက်တော့ သေဒဏ်ပေးခံရသလိုပါပဲ'' ဟုလည်း ဆိုပါသေးသည်။
ယင်းသို့ပြော ဆိုဝေဖန်မှုများသည် တစ်ချိန်က လူ့အခွင့် အရေးပြယုဂ်ဖြစ်ပြီး ယခုတွင်
အစိုးရဘက် တော်သား နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲသွားသူ (ဟု ၎င်းတို့ယူဆခဲ့ကြ သည့်
ဒေါ်အောင်ဆန်းစုကြည်) အပေါ် အယုံအကြည်မရှိကြတော့သည့် ပြည်တွင်း ပြည်ပရှိ များစွာသော
ပုဂ္ဂိုလ်များဆီမှာ လည်း ပဲ့တင်ထပ်ခဲ့လေသည်။ သူမ နေ အိမ်အကျယ်ချုပ်ကျခံနေရသည့်ကာလ
များတွင်မူ ၎င်းအား နယ်လ်ဆင်မင်ဒဲလား၊ ဂန္ဒီ၊ ဗားကလပ်ဟေဗယ် စသည့် ပုဂ္ဂိုလ်
ကြီးများနှင့်ပမာပြုခိုင်းနှိုင်းခဲ့ကြသည်။ ယင်း သို့ ထင်ရှား ကျော်ကြားလှသည့်
ပုဂ္ဂိုလ်ကြီး များနှင့် နှိုင်းယှဉ်ခိုင်းနှိုင်းခဲ့ကြခြင်းမှာ နုံအ
မိုက်မဲရာကျခဲ့ပါသလော။ အမြော်အမြင် နည်းရာကျခဲ့ပါသလော။ သို့တည်းမဟုတ်
မြန်မာ့နိုင်ငံရေးအခြေအနေသည်ကပင် ပြောင်းလဲခဲ့ချေပြီလော။
၁၉၆၂ ခုနှစ်ကတည်းကစပြီး ဆိုးဝါး သော အုပ်ချုပ်မှု၊
အကြမ်းဖက်မှုများနှင့် ပြည်သူများအပေါ် အာဏာသိမ်းအစိုးရ၏ ဖိနှိပ်တင်းကျပ်သည့်
နည်းဗျူဟာများ ကြောင့် မြန်မာပြည်သည် ဒေသတွင်းတွင် စိုက်ပျိုးရေးနှင့်
ပညာရေးကဏ္ဍတို့တွင် ဦး ဆောင်သူအဆင့်မှ နိုင်ငံတကာ၏ ဓားမ နောက်ပိတ်အဆင့်အဖြစ်သို့
ရွှေ့လျှော ပြောင်းလဲခဲ့ရသည်။ ဆယ်စုနှစ်များစွာ ချ မှတ်ထားခဲ့သော
အနောက်နိုင်ငံများ၏တင်း ကျပ်သည့် စီးပွားရေးနှင့် နိုင်ငံရေးပိတ်ဆို့
မှုများသည်လည်း ဗူးလေးရာ ဖရုံဆင့်ဆို သလို အပယ်ခံ မြန်မာပြည်အား ပို၍အထီး
ကျန်ဖြစ်စေခဲ့သည်။ သို့နှင့်တိုင် မြန်မာ ဗိုလ်ချုပ်ကြီးများသည် ဒီမိုကရက်တစ်ပြု
ပြင်ပြောင်းလဲမှုများကို ၂၀၁၀ ခုနှစ်တွင် မကြုံစဖူးထူးထူးခြားခြား စတင်ဖော်ဆောင်
လာခဲ့ပြီး ရာပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်း၊ လွတ် လပ်စွာပြောဆိုခွင့်ကို
ထိန်းချုပ်ဟန့်တား ထားသည့်ဥပဒေများကို ပယ်ဖျက်ပေးခြင်း စသည့်ဆောင်ရွက်ချက်များကြောင့်
တပ်မ တော်ကြီးစိုးမှုရှိသည့် မြန်မာပြည်သည် စစ်မှန်သော ဒီမိုကရေစီသို့ အသွင်ကူး
ပြောင်းရေးလမ်းကြောင်းပေါ် ရောက်ရှိလာ ခဲ့ချေပြီဟု တစ်ကမ္ဘာလုံးက မျှော်လင့်လာ
ခဲ့ကြသည်။
အဆိုပါတိုးတက်ဖြစ်ထွန်းမှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အခရာ အဖြစ်
တည်ရှိနေပါသည်။ မြန်မာ့ခေါင်းဆောင် (ဟောင်း)ဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်မှာ ၁၉၈၉
ခုနှစ်တွင် သူမ၏ NLD ပါတီ၏ တောင်ပြိုကမ်းပြိုရွေးကောက်ပွဲ အောင်ပွဲအား
တပ်မတော်အစိုးရမှ ငြင်း ပယ်ခဲ့သည့်နောက်ပိုင်းတွင် စတင်ပြီး ကုန် ခဲ့သည့်နှစ် ၂၀
အနက် ၁၅ နှစ်ကို နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် ဖြတ်သန်းခဲ့ရသည်။ ၂၀၁၁ ခုနှစ်
နိုဝင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် သူမသည် နိုင်ငံ ရေးနယ်ပယ်သို့
အလျင်အမြန်ပင် ပြန် လည်ရောက်ရှိလာခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီတွင်ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်
ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီသည် စုစုပေါင်းအမတ်ဦးရေ ၄၄၀ ရှိသည့် ပြည်
သူ့လွှတ်တော်တွင် လစ်လပ်နေရာ ၄၄ နေရာအနက် ၄၃ နေရာအတွက် အနိုင် ရရှ၊ခဲ့သည်။ NLD
အနေဖြင့် ထိုသို့အ ပြတ် အသတ်အနိုင်ရရှိခဲ့သည့်တိုင် လက် တွေ့တွင်
နိုင်ငံရေးအာဏာအား မဆိုစ လောက်သာ ရရှိခဲ့သည်။ လွှတ်တော်ရှိ ကျန်အမတ် နေရာ ၉၁
ရာခိုင်နှုန်း၏ အများစုအား တပ်မတော်သားများနှင့် ၎င်းတို့နှင့် နီးစပ်သူများက
ပိုင်ဆိုင် ထားကြလေသည်။ ပြည်တွင်းပြည်ပရှိ ပုဂ္ဂိုလ်များကမူ ဒေါ်အောင်ဆန်းစုကြည် သည်
အရေးပါလှသည့် နိုင်ငံ ရေးအာဏာ ကို ပိုင်ဆိုင်ခဲ့ပြီဟု ထင်မှတ်မှားခဲ့ကြ တော့သည်။
လက်တွေ့ စင်စစ်တွင်မူ သူမ၏နိုင်ငံရေးလွှမ်းမိုးမှုမှာ အကန့် အသတ်နှင့်သာ
ရှိနေခဲ့သည်။
မြန်မာဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်သော မူဝါဒများကို
ဖြေလျှော့ လာခဲ့ရာ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ဦးဆောင်သော
နိုင်ငံတကာအသိုင်းအ၀ိုင်း သည် မြန်မာပြည်အပေါ် ကာလတာရှည် ထားရှိခဲ့သည့်
စီးပွားရေးပိတ်ဆို့မှုအား ဖယ်ရှားပေးခြင်းဖြင့် အသိအမှတ်ပြုခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တွင်လည်း ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာခဲ့ကြသည်။
သို့သည့်တိုင် ဝေဖန်ဆန်းစစ်ရေးသမားများကမူ ဒီမိုက ရေစီသို့ ဦးတည်လာခဲ့သည့်
တပ်မတော်၏ အစီအစဉ်အား (အကြောင်းပြချက်အချို့နှင့် အတူ)သံသယဖြင့် ရှုမြင်နေကြသည်။
မြန်မာပြည်တွင် အာဏာဖွဲ့စည်းပုံအား အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ မရှိသေးချေ။
ထို့အတွင်း လက်တွေ့ ပစ္စက္ခတွင်လည်း တရားစီရင်ရေး၊ ဥပဒေ ပြုရေးနှင့် အုပ်ချုပ်ရေး
မဏ္ဍိုင်တို့တွင် တပ်မတော်အား ထိန်းချုပ်နိုင်သည့် အခွင့်အာဏာရှိမနေပေ။ မြန်မာပြည်အ
နေဖြင့် ဒီမိုကရေစီသို့ စမ်းသပ်သွားနေခြင်း သည် တပ်မတော်မှ အာဏာကို ချုပ်ကိုင် ထားမှုအား
အကြီးအကျယ် အဟန့်အ တားဖြစ်စေပါက စစ်တပ်မှ အာဏာ သိမ်းနိုင်သည့် အလားအလာများ ရှိနေပါ
သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ တကာမှ ပိတ်ဆို့မှုများကို ဖယ်ရှားပေးမှုအား
လူသိရှင်ကြား ချီးကျူးထောမနာပြုပြီး မြန်မာဗိုလ်ချုပ်ကြီးများအပေါ် သူမ၏
နှစ်လိုမှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့ သည်။ သို့တိုင် အစိုးရမှ ဒီမိုကရေစီ အတွက်
အခြေခံကျကျအရေးပါသည့် လုပ် ဆောင်ချက်များ ဆောင်ရွက်ပြီးသည့် နောက်တွင် (စစ်တပ်မှ
တိုင်းပြည်ကို ထိန်း ချုပ်ထားမှုအား လျှော့ချခြင်းမျိုး) ပိတ်ဆို့ မှုများအား
အံ့အားသင့်ဖွယ် ဖယ်ရှားခဲ့ခြင်း အပေါ် သူမက အာပေါင်အာရင်းသန်စွာ စောဒက တက်ခဲ့ကြောင်း
အရင်းအမြစ်များ က အလွတ်တန်းပြောဆိုမှုများလည်း ရှိနေ ပြန်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ
ရှိထားသည့် ဗိုလ်ချုပ်ကြီး များအပေါ် နှစ်လိုမှုရှိကြောင်းအား မည် သည့်အတွက်ကြောင့်
ပြောဆိုခဲ့သည်ကို ဝေဖန်ရေးသမားများက သိရှိလိုနေကြ သည်။ သူမ အနေဖြင့် လွန်စွာကျဉ်း
မြောင်းလှသည့် နိုင်ငံရေးခွင်ထဲတွင်သာ ဆောင်ရွက်လုပ်ကိုင် နေရသည့် အတွက် ကြောင့်
ယင်းသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ် နိုင်ပါသည်။ သူမသည် မြန်မာနိုင်ငံရေး တွင်
အရေးပါမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတတစ်ဦးဖြစ်ရန် အတွက်လည်း
ရှင်းလင်းပြတ်သားစွာ စိတ် ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်တွင် သမ္မတဖြစ်သူ သည် တပ်မတော်ပြီးလျှင် ပြည်တွင်းတွင်
အမြင့်ဆုံး အခြေခံကျသော ဒီမိုကရေစီ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်
ရွက်နိုင်မည့် အခွင့်အာဏာကို ပေးစွမ်းနိုင် ပါလိမ့်မည်။ ယင်းသို့
ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်ဖန်တီးနိုင်ခွင့်ရရှိရန် မြန်မာတို့သည်
ဆယ်စုနှစ်ပေါင်းများစွာ မျှော်လင့်စောင့်ဆိုင်းခဲ့ရသည်။ သို့သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ခွင့် အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကန့်သတ်ခြင်း ခံထားရသည်။ ထို့အတူ
အဆိုပါ အခြေခံဥပဒေကို ပြင်ဆင်လိုပါက လည်း လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းနှင့် အထက်
ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင် မည် ဖြစ်သည်။ တပ်မတော်သည် မြန်မာ နိုင်ငံရေးတွင်
အဓိကအရေးပါသူအဖြစ် ရှိ နိုင်စေရန် အလို့ငှာ အခြေခံဥပဒေတွင် ကြိုတင်ဖော်ပြထားသည့်အတိုင်း
တပ်မတော်သားများအား လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းအထိ ခန့်အပ်ထားလေ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အနာဂတ်သည် ၎င်းတို့၏ လက်ဝယ်တွင်
ရှိနေသည်ကို နားလည်ထားသည့် တပ် မတော်သည် သူမနှင့် သူမ၏ NLD ပါတီအား လာမည့် ၂၀၁၅
သမ္မတရွေး ကောက်ပွဲတွင် လူထုထောက်ခံမှု ကျဆင်း စေနိုင်သည့် အကျပ်အတည်းပြဿနာ
သုံးရပ်ဖြင့် လုပ်ဆောင်ခဲ့သည်။ ပထမ တစ်ချက်မှာ ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သော
လက်ရှိသမ္မတ ဦးသိန်းစိန် သည် ဒေါ်အောင်ဆန်းစုကြည်အား တပ် မတော်နှင့် ဒေသခံတို့အကြား
ပဋိပက္ခ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းစုံစမ်းစစ်ဆေး
ရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ၂၀၁၀ က အစိုးရသည်
ပြည်ပ ကြေးနီတူးဖော် ရေးကုမ္ပဏီတစ်ခုအား ကြေးနီတူးဖော်ခွင့် ပြုရာ ရာနှင့်ချီသော
ဒေသခံ တောင်သူ လယ်သမားများမှာ ကြေးနီမှရရှိမည့် အကျိုးအမြတ်များအား ခွဲဝေရရှိနိုင်ခြင်းမရှိ
ဘဲ အဓမ္မရွှေ့ပြောင်းခြင်းခံခဲ့ကြရသည်။ ၂၀၁၂ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်
ထုတ်နေကြသူများအား စစ်တပ်မှ မီးလောင်စေသည့် ပစ္စည်းများ အသုံးပြု၍ နှိမ်နင်းဖြိုခွဲခဲ့သဖြင့်
လူထုအနေဖြင့် မီးလောင်ဒဏ်ရာများ အပြင်းအထန် ခံစား ခဲ့ကြရသည်။ အတိဒုက္ခရောက်နေကြ သော
တောင်သူများ၏ ထောက်ခံမှု ကျယ် ကျယ်ပြန့်ပြန့်ရရှိထားသည့်တိုင် ဒေါ်အောင် ဆန်းစုကြည်၏
စုံစမ်းစစ်ဆေးရေး ကော် မရှင်အနေဖြင့် မြန်မာပြည်၏ မြေယာများ အားလုံးသည်
နိုင်ငံတော်မှ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများဖြစ်သည်ဟူသော လက်ရှိ
တရားဝင်မှုဘောင်ပေါ်တွင်ရပ်၍သာ လက် ပံတောင်းတောင် ပဋိပက္ခကို အကဲဖြတ်သုံး သပ်ရမည်မှာ
လိုအပ်ချက်တစ်ရပ် ဖြစ်နေခဲ့ သည်။ ယင်းအချက်အား ကျယ်ကျယ်ပြန့် ပြန့်
နားလည်ခြင်းမရှိသည့် လူထုက သူမမှာ ၎င်းပိုင်ဆိုင်လာခဲ့သည့် လူ့အခွင့်
အရေးမှတ်တမ်းကောင်းများအပေါ် သစ္စာ ပျက်ယွင်းကာ စစ်တပ်၏ ထိုအကြမ်းဖက် မှုသည်
ဆောင်ရွက်ခွင့်ရှိသည်ဟု သတ် မှတ်ယူဆခဲ့သည်ဟု (သူမအပေါ်) အထင်
အမြင်မှားခဲ့ကြတော့သည်။
ဒုတိယအချက်မှာ တပ်မတော်က လူမျိုးစုဒေသများတွင် တိုက်ခိုက်မှုများ
ကြောင့် နေရပ် စွန့်ခွာထွက်ပြေးသူပေါင်း ငါးသိန်းခန့်မှာ တိုင်းပြည်တစ်နံတစ်လျားရှိ
ယာယီစခန်းများတွင် နေထိုင်ကြရသည်။ ဆယ်စုနှစ်များစွာတိုင် တပ်မတော်က များ
စွာသောဒေသများအပေါ် အုပ်ချုပ်ရေး ဆိုင်ရာ ထိန်းချုပ်ရန် ကြိုးစားခဲ့သည့် အတွက်
ထင်ရှားသော လူမျိုးစုခေါင်း ဆောင်များကလည်း လွတ်လပ်သော အမျိုးသားနိုင်ငံများတည်ထောင်ရန်
ဆောင်ရွက် ခဲ့ကြသည်။ လူနည်းစုတိုင်းရင်း သားအုပ်စုများဘက်မှ သိသာထင်ရှားစွာ
မရပ်တည် ခဲ့သည့်အတွက် ဒေါ်အောင် ဆန်းစုကြည်မှာ အရေးပါထင်ရှားသော တိုင်းရင်းသား ခေါင်းဆောင်များ၏
ထောက်ခံမှုကိုလည်း ဆုံးရှုံးခဲ့ရသည်။
တတိယအချက်မှာမူ သူမသည် ပြည်တွင်းရှိ (လူသိမများလှသော) ရိုဟင် ဂျာ
ပြဿနာနှင့် ပတ်သက်ပြီး ပြတ်ပြတ် သားသားပြောဆိုခြင်းမပြုခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆိုပါ လူနည်းစုဘက်မှ ရပ်တည်လိုက်ပါက လူ့
အခွင့်အရေးဘက်မှ အောင်ပွဲခံ ရနိုင်ခြေရှိ နေသည့်တိုင် သူမအပေါ် ပြည်တွင်း
ထောက်ခံမှုများ ကျဆင်းသွားနိုင်ဖွယ်ရှိ သည်ဟု တက်ကြွလှုပ်ရှားသူများက ခန့်
မှန်းကြသည်။ ထို့ကြောင့် တစ်ချိန်တစ်ခါက ဆိုလျှင် ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ရန်
ချိန်ရွယ်ထားသည့် တပ်စုမှူးပင် သွေးပျက်ကာ လက်နက်ချသွားရလောက် သည်အထိ တည်ငြိမ်စွာလမ်းဖြတ်
လျှောက်ခဲ့သည့် လူ့အခွင့်အရေး ပြယုဂ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ယခု အခါတွင်မူ
အစစအရာရာ ပြောင်းလဲသွားခဲ့ သလို ဖြစ်နေတော့သည်။
အမှန်စင်စစ် ဒေါ်အောင်ဆန်းစု ကြည် လျှောက်လှမ်းခဲ့ရသည့်လမ်းမှာ
ရှည်လျားလှသည်။ သူမသည် စိတ်ပိုင်း ဆိုင်ရာ ပင်ပန်းဆင်းရဲမှုနှင့်နေအိမ်အကျဉ်း
ကျမှုတို့ကို ဆယ်စုနှစ် နှစ်စုခန့် ခံစားရန် အတွက်သာ နိုင်ငံရေးနယ်ပယ်အတွင်းသို့
၁၉၈၈ ခုနှစ်က စတင်ဝင်ရောက်ခဲ့သည်။ ထိုကာလများအတွင်း၌လည်း သူမ၏ဆယ် ကျော်သက်အရွယ်
သားသမီးများကို တွေ့ ဆုံနိုင်ခြင်း မရှိခဲ့ချေ။ ထိုအချိန်က စစ် အစိုးရသည် သူမအား
အင်္ဂလန်ရှိမိသားစု နှင့် ဆုံစည်းနိုင်ရန် တိုင်းပြည်မှ အချိန် မရွေးထွက်ခွာခွင့်ကို
အပေးအယူ ဆန်ဆန် ကမ်းလှမ်းခဲ့သည်။ သို့သော် ပြည်တွင်းသို့ ဘယ်သောအခါမှ
ပြန်လာခွင့်ရမည်မဟုတ် သည်မှာ မပြောဘဲသိရမည့် နားလည်မှုဟု ဆိုရမည်။ သူမကို
သုတ်သင်ပစ်လိုသည့် စစ်တပ်၏ရက်စက်မှုမှာ ၁၉၉၉ ခုနှစ်တွင် အပြင်းထန်ဆုံးဟု
ဆိုနိုင်ပါလိမ့်မည်။ ထို အချိန်က ကင်ဆာရောဂါခံစားနေရသည့် သူမ၏ ခင်ပွန်းဖြစ်သူအား မြန်မာပြည်သို့
ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ပင်ခဲ့လေသည်။ ထို့နောက် သီတင်းပတ် သုံးပတ်အကြာ တွင် ၎င်းမှာ
အောက်စဖို့ဒ်တွင် ကွယ်လွန် ခဲ့သည်။
အာဏာသည် လွတ်လပ်ဆုံးရှုံးရ တတ်သည့် အတွေ့အကြုံနှင့် ရက်စက်လှ သည့်
အကျဉ်းကျခံရမှုတို့သည် သူမအား လူသားတို့၏ စွမ်းဆောင်နိုင်မှုအတိုင်းအဆ ကို
သူတစ်ပါးတို့ထက် ထူးခြားစွာ ထိုးထွင်း သိမြင်စေခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် နေ
အိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ရာတွင် လည်း နိုင်ငံရေးမှ ကျောခိုင်းထွက်ခွာသွား
ခြင်း အလျဉ်းမရှိဘဲ ခြေစုံပစ်၍ ၀င်ခဲ့ပြန်ပါ သည်။ 'တိုက်တေနီယံသစ်ခွပန်း'ဟု ချစ်
စနိုး တင်စားခံထားရသည့် ဆုံးဖြတ်ချက် ပြတ်သားပြီး ဇွဲနပဲကြီးမားသူ ဒေါ်အောင်
ဆန်းစုကြည်မှာ ဝေဖန်သူအချို့ ယုံကြည် ယူဆသလို ကိုယ်ကျိုးသက်သက်သာ
ဆောင်ရွက်နေသည်မဟုတ်ဘဲ ယခင်နှင့် မတူ ခြားနားသည့်လမ်းကြောင်းဖြင့် နိုင်ငံ ရေးကို
ဆောင်ရွက်နေခြင်းသာဖြစ်သည်။သူမ၏ လက်ရှိအနေအထားနှင့် ဆောင်ရွက်ချက်များ သည်
ငြိမ်းချမ်းရေးနိုဘယ်ဆု ရှင်တစ်ဦးအပေါ် ကမ္ဘာက မျှော်လင့်နေမှု များနှင့် အဟပ်မညီ၊
အံမ၀င်ဘဲ ထူးခြား ကောင်း ထူးခြားနေပါလိမ့်မည်။ သို့သော် အခြားတစ်ဖက်မှ
ဆင်ခြင်ကြည့်ပါက အား ကောင်းမောင်းသန် အတိုက်အခံကို ရင် ဆိုင်ရာတွင် ကြုံတွေ့ လာနိုင်ဖွယ်ရှိသည့်
အခက်အခဲများကို ကောင်းစွာဆ၀ါးမိသည့် သူမ၏ လတ်တလော ဆောင်ရွက်ချက်များ တွင်
အမြော်အမြင်ကြီးပြီး လေးနက်သော လက်တွေ့ကျမှုကို ထင်ဟပ်နေသည်ကို တွေ့မြင်နိုင်ပါသည်။
ယခုပစ္စက္ခတွင် ဒေါ်အောင်ဆန်းစု ကြည်သည် ၎င်း၏ နိုင်ငံရေးအနာဂတ်အား
စစ်တပ်၏ချုပ်ကိုင်မှုမှ လွတ်ကင်းစေရန် အလို့ငှာ လိုအပ်သော ဆောင်ရွက်ဖွယ်ရာ များကို
လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယူ ဆနိုင်ပါလိမ့်မည်။ အကယ်၍ ဒေါ်အောင်ဆန်း စုကြည်သာ
အောင်မြင်မှုရရှိပြီး လာ မည့် ၂၀၁၅ တွင် သမ္မတဖြစ်လာခဲ့ပါက သူမအနေဖြင့် တရားမျှတမှု (Justice)၊
လူ့အခွင့်အရေး (Human Rights)နှင့် ဒီမိုကရေစီ (Democracy)စသည်တို့ကို မြှင့်တင်ရန်
ပိုမိုအားကောင်းသော အခြေ အနေတွင် ရှိနေပါလိမ့်မည်။ ထို့ကြောင့် နိဂုံးချုပ်အနေဖြင့်ဆိုရပါက
သူမ၏ နိုင်ငံရေး ကံကြမ္မာ လုံခြုံ စိတ်ချရမှုမရှိသေးချိန် တွင်
ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန် အကဲဖြတ်ရန် စောလွန်းနေပါသေးသည်ဟု ဆိုချင်ပါသည်။
လင်းလင်းထွန်း(ခ)လင်းလင်း(ကညက)
(မှတ်ချက်။ ဤဆောင်းပါးမှာ Grodeon Welty(Executive Director, Burma
Community Builder)\ It is too early to judge Aung San Su Kyiဆောင်းပါးကို
ဆီလျော်အောင် ဘာသာ ပြန်ဆိုထားခြင်းဖြစ်ပါသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
