Breaking News
Loading...
Sunday, September 8, 2013

Info Post


မိဘတို့ကို မွေးတုံ့၊ မွေးလှည့်ပြုသော သားသမီးတို့သည် အမြတ်ဆုံး အနုဂါမိက ရွှေအိုးကို မြှပ်ထားရသည် မည်၏...

ထိုရွှေအိုးကို ရန်သူမျိုးငါးပါးတို့သည် ထုတ်ဖော်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကုန်...

အရိပ်ကဲ့သို့အစဉ်တစိုက်လိုက်၍ လောကီ ကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးကို ပေးနိုင်၏...

"အကြင် အကြင်ဆုကို တောင့်တ၏။ ထိုထို ဆုအလုံးစုံကို ရ၏" ဟူ၍ နိဓိကဏ္ဏသုတ်၌ ဘုရားရှင်၏ အမိန့်တော်မြတ် ရှိသည်...

ထို့ကြောင့် သုတ္တနိပါတ်တွင် "မာတာပိတုဥပဋ္ဌာနံ" ဟူ၍ မိဘတို့ကို လုပ်ကျွေးခြင်းသည် "စည်းစိမ်ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာ" ဟူ၍ ဘုရားရှင် မိန့်ကြားတော်မူခြင်း ဖြစ်သည်...


post by နှင်းဆီဖူးလေးများ