Breaking News
Loading...
Sunday, September 8, 2013

Info Post

ဗီယက်နက်မှာ တစ်နှစ် ၂ ကြိမ် စစ်သား စုဆောင်းမှု ပရိုဂရမ် (Army Recruitment) ပြုလုပ်ပါတယ်။ ပုံမှာ မြင် တွေ့နေရတာကတော့ စက်တင်ဘာလ ၆ ရက်နေ့က စစ်သား စုဆောင်းမှု ပွဲတစ်ခု ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ပထမအကြိမ်းစုဆောင်းမှုကို နှစ်ဆန်းပိုင်းက တစ်ကြိမ် ပြုလုပ်ပြီးသွားပြီ ဖြစ်ပြီး ယခု စက်တင်ဘာလက ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ဗီယက်နမ် တောင်ပိုင်းက Hau Giang ပြည်နယ်မှာ လူငယ်ပေါင်း အယောက် ၅၅၀ စစ်ထဲ ဝင်ခဲ့ပါတယ်။ ဗီယက်နမ်ဟာ လက်ရှိ စစ်အေးကာလမှာ စစ်အင်အား ဖြည့်တင်းမှုကို သိပ်မလုပ်ပါဘူး။ ပုံမှန် စစ်သား ဦးရေ ၅ သန်းတော့ ရှိပါတယ်။ စစ်အသုံးစရိတ် အနေနဲ့ နိုင်ငံ GDP ရဲ့  ၂.၅ ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ အသုံးပြု ထားတာပါ။ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိကထား ကြိုးပမ်းပြီး စက်မှုလုပ်ငန်းနဲ့ နည်းပညာ ကုမ္မဏီ များကြောင့် နှစ်အနည်းငယ်အတွင်း စီးပွားရေး အခြေအနေ ကောင်းမွန်လာတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။

အမေရိကန် နဲ့ စီးပွားရေး ကုန်သွယ်မှု အဓိကနိုင်ငံ ၁၀ နိုင်ငံ စာရင်းထဲပါဝင်ပြီး စက်မှုလုပ်ငန်းနဲ့ နည်းပညာ လုပ်ငန်းတို့ကြောင့် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်ပါတယ်။ တစ်ချိန်က ဗီယက်နမ်ဟာ အမေရိကန်ကို တိုက်ခိုက် ခဲ့ပေမယ် ယနေ့မှာတော့ စစ်ရေးအရကော၊ စီးပွားရေး အရကော အမေရိကန်ရဲ့  သြဇာလွမ်းမိုးမှုဒဏ်ကို အပြည့်အဝ ခံယူထားပါတယ်။ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန် ရဲ့  ကူညီ လက်တွဲ ခေါ်ယူမှုကို ယူထားပြီး အရှေ့ တောင် အာရှမှာ အလျင်အမြန် တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: Xinhua
ရိုးရာလေး နိုင်ငံကတာ