Breaking News
Loading...
Thursday, September 12, 2013

Info Post


ဆား (NaCl)ထဲတွင် ပါဝင်သော ဆိုဒီယမ်(Na) ဓာတ်သည် သွေးတိုးရောဂါဖြစ်စေသော အဓိက တရားခံဖြစ်သည်ကို လူအများကျယ်ကျယ် ပြန့်ပြန့်သိရှိထားပြီးဖြစ်သော်လည်း ယခုအချိန်အထိ သွေးတိုးရောဂါရှင်များကြား ကလိုရိုက် (Cl)၏ အခန်းကဏ္ဍကိုမူ ထဲထဲဝင်ဝင်လေ့လာ ဆန်းစစ်အာရုံစိုက်မှု နည်းပါးနေသေးသည်။ သို့သော် ကလိုရိုက်၏ အဓိကအခန်းကဏ္ဍမှ ပါဝင်မှုအကြောင်းကို သိပ္ပံပညာရှင်တို့ တွေ့ရှိပြီးဖြစ်ကြောင်း စက်တင်ဘာ ၈ ရက် အင်တာနက်သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

Glasgow တက္ကသိုလ်မှ သုတေသီတို့၏ လေ့လာမှုတွင် သွေးတွင်းကလိုရိုက်ပမာဏ နည်းပါးခြင်းသည် သွေးတိုးရောဂါရှင်များ၏ သေရေးရှင်ရေးနှင့်တစ်နည်းတစ်ဖုံ ပတ်သက်မှုရှိနေသည်ဟု ဆိုထားသည်။ ၎င်းတက္ကသိုလ်မှ သုတေသီတို့သည် သွေးတိုးရောဂါရှိလူနာ ၁၃ဝဝဝ နီးပါးတို့၏ ကျန်းမာရေးအခြေအနေ အချက်အလက်များကို ၃၅ နှစ်ကျော်ကြာ လေ့လာပြီးနောက် သွေးတွင်းကလိုရိုက်ပါဝင်မှု ပမာဏလျော့နည်းနေပါက  လူတွင်အသက် အန္တရာယ်ရှိစေပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါသည်ဟု ပြောကြားကြသည်။

တစ်နည်းအားဖြင့် ဆိုဒီယမ်ကြောင့် သွေးတိုးဖြစ်ရသည် မှန်သော်လည်း သွေးတိုးရောဂါသည်တို့တွင် ကလိုရိုက်ချို့တဲ့မှုက အသက်အန္တရာယ်ရှိသည်ဟု ကောက်ချက်ချရမည်ဖြစ်သည်။

သို့သော် ယင်းတက္ကသိုလ်မှ ပါဝင်လေ့လာသူ ဒေါက်တာ ဆန်ဒေါ့စ် ပတ်မန်နက်ဟမ်၏ ပြောကြားချက်ကို ကောက်နုတ်ဖော်ပြရပါမူ ''ဆား စားသုံးမှုနဲ့ပတ်သက်ပြီး တွေ့ရတဲ့ ဒီတွေ့ရှိမှုတွေကို ချပြဆွေးနွေးဖို့စော လွန်းပါသေးတယ်။

ကလိုရိုက်ပမာဏ အနည်းအများနဲ့ လူ့ကျန်းမာရေးတို့ရဲ့အကြား ဘယ်လိုပတ်သက်ဆက်နွှယ်သလဲဆိုတာ တိတိကျကျသိဖို့ သုတေသနအများကြီးလုပ်ဖို့ လိုပါသေးတယ်''ဟု ဆိုထားသည်။



NPE