ဥရောပ၌ အဆုတ်ရောဂါဖြစ်ပွားသူ ၁၀ ဦးလျှင် တစ်ဦးသေဆုံးလျက်ရှိပြီး ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆေးလိပ်သောက်သုံးခြင်း ကြောင့်ဖြစ်သည်ဟု ဥရောပအသက်ရှူလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းမှ ဆို သည်။ ယခင်က ဆေးလိပ်သောက်သုံးမှုနှုန်းများခဲ့ခြင်းကြောင့် လာမည့် အနှစ်၂၀ တွင် အဆုတ်ကင်ဆာနှင့် နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ရောဂါတို့ဖြင့် သေဆုံးမှုပိုမိုများပြားလာလိမ့်မည်ဟု ၎င်းအဖွဲ့မှ ပြောကြားသည်။ သို့သော် ယူကေ၌ အဆုတ်ရောဂါဖြင့် လေးဦးလျှင် တစ်ဦးသေဆုံးလျက် ရှိကြောင်း ဗြိတိန်အဆုတ်ရောဂါဆိုင်ရာ စာနာထောက် ထားမှုအဖွဲ့က ပြောကြားသည်။
အဆုတ်ရောင်နာအပါအဝင် ကြောက်စရာကောင်းလှသည့် အသက်ရှူ လမ်းကြောင်း ကူးစက်ရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ရောဂါ၊ အဆုတ်ကင်ဆာနှင့် တီဘီရောဂါ စသည်တို့သည် အတွေ့ရ များပြီး သေပျောက် နှုန်းများသော အဆုတ်ရောဂါလေးမျိုးဖြစ်ကာ အဆိုပါရောဂါ များဖြင့် ၁၀ ဦးလျှင်တစ်ဦး သေဆုံးရသည်ဟု ယူဆရ ကြောင်း ဥရောပဒေသ ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
သို့ရာတွင် ဥရောပသမဂ္ဂ ၂၈ နိုင်ငံတွင် အဆိုပါရောဂါများဖြင့် ရှစ်ဦးလျှင် တစ်ဦးနှုန်းသာ သေဆုံးသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ အိုင်ယာလန်၊ ဟန်ဂေရီ၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံတို့၌ အဆုတ်ရောဂါဖြင့် သေဆုံးမှုနှုန်းမှာ ယူကေ ထက် ပိုမြင့်မား ကြောင်း သိရသည်။ ဘယ်လ်ဂျီယံ တစ်နိုင်ငံတည်း၌ပင် လူဦးရေ တစ်သိန်းလျှင် ၁၁၇ ရာခိုင်နှုန်း သေဆုံး လျက်ရှိကြောင်း သိရသည်။
မာမာစိုး
NPE