အပျိုကြီး မချစ် တစ်ယောက်သည် အသုဘဆွမ်းကျွေး၊ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနား၊ သွားလေသူအတွက် ဝတ်ပြု ဆုတောင်းပွဲများသို့ တက်ရောက်လေ့ရှိသည်။ သူ့အိမ်နီးချင်းက သူ့ကို မေးသည်။
“မချစ် က နာရေးနဲ့ ပတ်သက်တဲ့ပွဲကိုပဲ သွားတယ်နော်၊ မင်္ဂလာဆောင်တွေကျတော့ မသွားဘူး၊ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဆိုသလို ကုသိုလ်ပိုရချင်လို့လား”
“မဟုတ်ပါဘူး၊ အဲဒီလိုပွဲတွေမှာ ဘယ်သူကမှ ‘ခင်ဗျားအလှည့် ဘယ်တော့လဲလို့’ မမေးကြလို့ပါ”
တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ