Breaking News
Loading...
Tuesday, September 10, 2013

Info Post


ကမ်္ဘာတစ်ဝှမ်းမှ လူငယ်ပရိသတ် အသည်းစွဲ One Direction အဖွဲ့သည် ယခု နှစ်အတွင်း ၎င်းတို့၏ တေးအယ်လ်ဘမ်သစ်ကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်ဟု သိရ သည်။

ဖြန့်ချိ

One Directionအဖွဲ့၏ တတိယမြောက် Midnight Memories တေးအယ်လ်ဘမ်သစ်အား နိုဝင်ဘာ ၂၅ ရက်တွင် ဖြန့်ချိ သွားမည်ဖြစ်သည်။

ထည့်သွင်း

Midnight Memories တေးအယ်လ်ဘမ်သစ်တွင် ပရိသတ် အားပေးမှု အများဆုံး ရရှိထား သည့် One Direction အဖွဲ့၏ Best Song Ever တေးသီချင်းကိုလည်း ထည့်သွင်း ထားသည် ဟု သိရသည်။

ကျင်းပ

One Direction အဖွဲ့၏ ကမ္ဘာ့လှည့် ဖျော်ဖြေပွဲအား နိုင်ငံပေါင်း ၂၁ နိုင်ငံ တွင် ၂၀၁၄ ခုနှစ်၌ စတင်ကျင်းပသွား မည်ဖြစ်ပြီး ကမ္ဘာ့လှည့် ဂီတဖျော်ဖြေပွဲ၏ ပထမဆုံး ခြေလှမ်း အနေဖြင့် ၀မ်ဘလေ ခန်းမ၌ စတင်၍ ကျင်းပ သွားမည်ဖြစ်သည်။

ရောင်းချခဲ့

ယခုအချိန်ထိ One Direction အဖွဲ့၏ တေးအယ်လ်ဘမ် အချပ်ရေ ၃၂ သန်း ကျော်ကို ရောင်းချ ခဲ့ရပြီး ဖြစ်ပြီး ပရိသတ် အားပေးမှု အရှိဆုံး နံပါတ် ၁ နေရာကို ၆၁ ကြိမ်ထက်မနည်း ရရှိထားကြောင်း သိရသည်။