ကမ္ဘာကျော် အဆိုတော်မလေး Katy Perry ရဲ့တေးသီချင်းအသစ်တစ် ပုဒ်ဖြစ်တဲ့ Roar မှာတော့ Nokia ရဲ့စမတ်ဖုန်းသစ် Lumia 1020 ကိုအသုံး ပြုထားတာတွေ့ရမှာပါ။ သီချင်းတစ်ပုဒ်လုံးဟာစိတ်ဝင်စား ဖွယ်ကောင်းပြီး Pop music ဖြစ်တဲ့အတွက်သီချင်းအေးအေးလေးတွေကို ကြိုက်နှစ်သက်သူတွေနှစ်သက်ကြမှာဖြစ်သလို ရိုက်ကူးထားတဲ့ MTV ကလည်း စိတ်ဝင်စားဖွယ်ကောင်းနေတာကိုတွေ့ရမှာပါ။
သီချင်းကတော့ ခရီးလမ်းတစ်ခုကိုသွားနေရင်းတောတောင်ထဲရောက်လို့ ဒုက္ခရောက်နေတဲ့ Katy Perry တစ်ယောက်ဟာအရာရာကိုရင်ဆိုင်ပြီးသားရဲသိရစ္ဆာန်တွေ ကိုပြန်လည်အနိုင်ယူခဲ့ပုံလေးပဲဖြစ်ပါတယ်။
အသစ်စက်စက် ဖြစ်တဲ့ Katy ရဲ့ Roar သီချင်းကိုနားဆင်လိုရင်တော့http://www.youtube.com/watch?v=CevxZvSJLk8 ကနေကြည့်
ရှုနိုင်မှာပါ။ Full HD လည်းဖြစ်ပါတယ်။
Nay Lin Aung (Guide Technology Magazine)
သတင်းချစ်သူ - ဝေဟင်