Breaking News
Loading...
Monday, September 9, 2013

Info Post

Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့်၎င်းပြိုင်ပွဲအား ဂျကာတာနှင့် အနီးအနားမဟုတ် သည့် ဘာလီကျွန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ မွတ်စလင် အများစုနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာတွင် ကျင်းပမည့် အဆိုပါ အလှမယ် ပြိုင်ပွဲ၌ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအား လူ ထောင်ပေါင်းများစွာက ယခုသီတင်းပတ်အတွင်း လမ်းမများပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ စက်တင်ဘာ ၈ ရက်မှ စတင်ကျင်းပမည့် အဆိုပါ အလှမယ်ပြိုင်ပွဲအား ဂျကာတာမြို့နှင့် အနီးအနားတွင် ကျင်းပသွားရန် စီစဉ်ထားသော်လည်း ထိုကဲ့သို့ ဆန္ဒပြမှုများကြောင့် ဟိန္ဒူအများစု နေထိုင် ရာဘာလီကျွန်းတွင် ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြဝတီ