မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် " ကာလာစုံ Lesson" ဇာတ်ကားကို ဗီဒီယို ရိုက်ကူးခွင့်မှ ရုပ်ရှင် ကားကြီးပြောင်း လဲခြင်း အပေါ်ခွင့် မပြုနိုင်ခြင်း သတင်းနှင့် စပ်လျဉ်း၍ မြန်မာ့ ရုပ်ရှင် လုပ်ငန်း၏ သဘော ထားအား ပေါ်ပြူလာ ကမေးမြန်းရာမြန်မာ့ ရုပ်ရှင် လုပ်ငန်းညွှန်ကြား ရေးမှူး(စီမံ) ဦးသိန်း ထွန်းအောင်က ယခုကဲ့သို့ ဖြေကြားပေး ပါသည်။
မး- Eleven ဂျာနယ်မှာပါတဲ့ ကာလာစုံ Lesson ဇာတ်ကားအကြောင်း နဲ့ပတ်သတ်ပြီး ရုပ်ရှင်လုပ်ငန်းရဲ့သဘော ထားကိုမေး လိုပါတယ်။
ဖြေ- ဒီဇာတ်ကားကို အစကတော့ ဗီဒီယိုကား အဖြစ်စရိုက်ခဲ့ကြ တာ။ အဲ့ဒီဂျာနယ်မှာပဲ စိုင်း စိုင်းပြောထား တာရှင်းရှင်း လေး ပဲ။ ဒီဇာတ် ကားက ရိုက်တာမပြီး သေးဘူး။ ဗီဒီယို ဇာတ်ကား အဖြစ်ဆင်ဆာ လက်မှတ်အသိ အမှတ်ပြု လည်းခံစားခွင့်မရ သေးဘူး။ အဲ ဒီတော့ သူတို့ရိုက်ရင်းနဲ့ ဒီ ဇာတ် ကားရဲ့အတိမ် အနက်တွေက ကောင်းနေတယ်။ကောင်း နေတဲ့ အတွက် သူတို့သည် ဒီဇာတ်ကား ရိုက်လို့မပြီးခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်ဇာတ်လမ်းပြန် တင်တယ်။ ရုပ်ရှင် လုပ်ငန်းကို အဲဒီတော့ ကျွန် တော်တို့ ရုပ်ရှင်လုပ်ငန်းက သူတို့ရိုက်ကူးခွင့် တင်လာတဲ့ ဝတ္တုဇာတ် လမ်းကိုကြည့်ပြီး ရုပ်ရှင်ရိုက်ကူးခွင့် အဖြစ် ခွင့်ပြုလိုက် ပါတယ်။ ခွင့်ပြု ချက်ပေး လိုက်တယ်။ အဲဒီအ ချိန်ကျမှဒါကြီးကဗီဒီယို ရိုက် ပြီးသားဆိုရင်တော့ ကျွန် တော်တို့ဆီမှာ ဗီဒိယိုအဖြစ်တင် ထားတာ မရှိဘူး။
မေး- အရင်တုန်းကဗီဒီယို ရိုက်ထားပြီးတဲ့အခါမှာ အ ဆင့်မြင်တယ်ဆိုရင်ဒီဗီဒီ တချို့ကို ပြောင်းခဲ့ဖူးတယ်။ ထို့ အတူပဲဒီဗီဒီကနေပြီးတော့ ကောင်းတယ်ဆိုရင် ရုပ်ရှင် ကားကြီးဖြစ်ဖို့လည်းရုပ်ရှင် လုပ်ငန်းကတိုက်တွန်းဖူး တယ်လို့ သိရတယ်။
ဖြေ- ဟုတ်ပါတယ်။ တိုးတက် ဖို့တိုက်တွန်းခဲ့ဖူး ပါတယ်။ဒါပေမယ့်ဒီဗီဒီကတော့ရှင်းရှင်း ပြော ရရင်ဟိုလူရမယ်။ဒီလူမရ ဘူး ဆိုတာတွေဖြစ်လာတဲ့အတွက် ဒီဟာတွေမပေးတော့ဘူး။
မေး- ရုပ်ရှင်ကားကြီးတင် လာတဲ့အခါမှာခွင့်ပြုထား တာပေါ့။
ဖြေ-ဟုတ်ပါတယ်။ ခွင့်ပြု ထားတာပေါ့။ကျွန်တော် တို့ ကဇာတ်လမ်းပေါ်မှာပဲ ခွင့်ပြု ထားတာလေ။
မေး- မြန်မာ့ရုပ်ရှင်တိုး တက် ရေးအတွက်ကို ဒီကားတွေ ကောင်းတယ်ဆိုရင် ကောင်း တဲ့ဟာကို မြေတောင် မြှောက် ပေးတယ်ဆိုတဲ့ ပုံစံမျိုးလား။
ဖြေ - အဲဒါတော့ ဆင်ဆာ အဖွဲ့တစ်ဦးချင်းခံယူ ရမယ်။ အချက်တွေ ရှိတယ်။ ရုပ် ရှင်ဆင်ဆာ အဖွဲ့ဗီဒီယိုဆင် ဆာအဖွဲ့များ လိုက်နာ ကြည့် ရှုစစ်ဆေးခြင်း ဆောင်ရွက် ရမည့်အချက်(၅)ချက်မှာ အောက်ဆုံး အချက်ကို ကြည့်လိုက်ရင် " နည်းပညာ ပိုင်းဆိုင် ရာဖြင့်ကြံဆ ထုတ်လုပ် လာသောရုပ်ရှင် ဇာတ်ကား၊ ဗီဒီ ယိုဇာတ်ကားများ ကိုအား ပေးကူညီ ရမည်။" အဲဒီမှာရေး ထားတဲ့ အတိုင်းကျင့်သုံးပါ တယ်။ ဒီဇာတ်ကားတွေ ကောင်းခြင်း မကောင်းခြင်းက ဘယ်သူဆုံးဖြတ်မှာလဲ မိဘပြည်သူပဲ ဆုံးဖြတ်မှာ။ ပြည်သူလူထုက ဒီကားကို မကြိုက်ဘူး။ မကြည့်ဘူး။အဲဒါ ဆိုရင်လည်း အဲဒီဆုံးဖြတ်ချက်ကို ခံယူရမှာပဲ။
မေး-အဲဒီတော့ဒီခေတ်ဒီစ နစ်ကအဲဒီလမ်းကြောင်းပေါ် သွားနေတာပေါ့နော်။
ဖြေ - အဲဒီလမ်းကြောင်းပေါ်သွား တာအကောင်းဆုံးပဲ။ အဲဒီ လမ်းကြောင်းပေါ်သွားရမယ် လို့တော့အမိန့် မထုတ်ထား ပါဘူး။
The Voice