Breaking News
Loading...
Thursday, September 12, 2013

Info Post


အက် ပဲလ်က ၎င်း၏ iPhone သစ်နှစ် မျိုးကို အင်္ဂါနေ့က ဖွင့်လှစ်ပြသ ခဲ့သည်။ တစ်မျိုးမှာ အထင်ကြီး လောက်အောင် ပြယုဂ်ကောင်း မွန်သည့် ထိပ်တန်းမိုဒယ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ကမ္ဘာတစ်ဝန်း မှ တန်ဖိုးနည်းစမတ်ဖုန်းဝယ်သူ များအတွက် ရည်ရွယ်သည်။ 

''လုပ်ငန်းက သိပ်ကြီးလာ ပြီဆိုတော့ ဒီနှစ်မှာ iPhone 5 ရဲ့ နေရာကို အစားထိုးတော့မှာပါ။ အဲဒီနေရာကို ဒီဇိုင်းသစ်နှစ်ခုနဲ့ အစားထိုးမှာပါ''ဟု အက်ပဲလ်၏ အကြီးအကဲတင်မ်ကွတ်က ကုမ္ပဏီ ၏ဆီလီကွန်ဗယ်လီရုံးချုပ်၌ ကြေ ညာခဲ့သည်။ အက်ပဲလ်သည် စက် တင်ဘာ၁၃ရက်တွင် အမှာစာများ ကို စတင်လက်ခံမည်ဖြစ်သည်။ စင်တင်ဘာ၂ဝရက်တွင် ဖုန်းသစ် နှစ်မျိုးစလုံးကို အမေရိကန်၊ ဩ စတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဂျာမ နီ၊ ဂျပန်နှင့် စင်ကာပူတို့၌ စတင် ရောင်းချမည်ဟု သိရသည်။ 

ဖုန်းသစ်နှစ်လုံး၏အမည် မှာ iPhone 5C နှင့် iPhone 5S တို့ဖြစ်သည်။ iPhone 5C သည် ပြိုင်ဘက်များ၏ တန်ဖိုးနည်းစမတ် ဖုန်းများကိုယှဉ်ပြိုင်ရန် အက်ပဲလ် ၏ ကြိုးပမ်းမှုအစိတ်အပိုင်းဖြစ် သည်။ ပြိုင်ဘက်များ၏တန်ဖိုး နည်းစမတ်ဖုန်းအများစုမှာ Google Android Operating System ကို အသုံးပြုထားသည်။ တန်ဖိုးနည်း ဟုဆိုသော်လည်း သံမဏိဘောင် ကွပ်ထားသော ပိုလီကာဗွန်နိတ် iPhone 5C မှာ လှပသည်ဟု အက်ပဲလ်ဒီဇိုင်နာဂျော်နီအိုက်ဗ် က ဆိုသည်။ iPhone 5C (16 GB) ကို အမေရိကန်၌ နှစ်နှစ်စာ ချုပ်ဖြင့် ငှားရမ်းဝယ်ယူပါက ၉၉ ဒေါ်လာ စတင်ပေးချေရမည်ဖြစ် ပြီး အကယ်၍ ချက်ချင်းကျသင့် ငွေချေစနစ်ဖြင့် ဝယ်ယူပါက ၅၄၉ ဒေါ်လာဖြင့်ရောင်းချမည်ဟု သိ ရသည်။ ယခင် iPhone မိုဒယ် များထက် ဒေါ်လာ၁ဝဝလျော့ နည်းသည်။ သို့သော် 5C အဖုံး အိမ်မှာ သတ္တုမဟုတ်ဘဲ ပလတ် စတစ်သာဖြစ်သည်ဟု ဆိုသည်။ 

ထိပ်တန်း iPhone 5S ကို အမေရိကန်တွင် စာချုပ်စနစ်ဖြင့် ဝယ်ယူသူများကို ၁၉၉ဒေါ်လာ ဖြင့်ရောင်းချမည်ဖြစ်ပြီး အပြီး အပြတ်ဝယ်ယူသူများကို ၆၄၉ဒေါ် လာဖြင့် ရောင်းချမည်ဖြစ်သည်။ 

''စမတ်ဖုန်းတွေထဲမှာတော့ ရွှေအဆင့်စံနှုန်းပါပဲ''ဟု အက် ပဲလ်၏ ဒုတိယဥက္ကဋ္ဌဖီလ်ရှီးလာ ကပြောကြားခဲ့သည်။ 
5S မိုဒယ်တွင် ပိုမိုလျင်မြန် သောချစ်ပ်တစ်ခုပါပြီး တွက်ချက် ဆောင်ရွက်မှုများကို စားပွဲတင် ကွန်ပျူတာများနှင့် တန်းတူပြု လုပ်နိုင်သည်။ 5S ထဲမှာ ထရန် စစ္စတာ သန်းတစ်ထောင်ကျော် ရှိသည်ဟု ၎င်းက ပြောကြားခဲ့ သည်။ 
တန်ဖိုးနည်းသော 5C ကို အပြာရောင်၊ အဖြူရောင်၊ ပန်း ရောင်၊ အဝါရောင်နှင့် အစိမ်း ရောင်တို့ဖြင့် ထုတ်လုပ်မည်ဖြစ် ပြီး ထိပ်တန်းမိုဒယ် 5S ကိုမူ ငွေ ရောင်၊ ရွှေရောင်နှင့် မီးခိုးရောင် တို့ဖြင့်ထုတ်လုပ်မည်ဟု အက်ပဲလ် က ပြောသွားခဲ့သည်။

Yangon Media Group