Hardware အခန်းသီးသန့်မရှိလို့ဒီအခန်းကနေတင်ပြပေးလိုက်ရပါတယ် အခုပြောပြမယ် Post ကတော့ Huawei 210 LCD Display မလာတာကိုပြုပြင်မှာပါ အခုပို့က LCD နဲ့ပတ်သတ်ပြီးအပြည်အစုံ
မဟုတ်ပါဘူး အခုကျနော်ဖြစ်တဲ့နေတဲ့ဟာက Display မီပဲမလာတာပါ ရုပ်ထွက်နေပါတယ် အများဆုံးကရေ၀င်လို့ပျက်တာများတယ် ရုပ်ရောမီးရောမလာရင်တော့ LCD တစ်ချပ်လုံးလဲရမှာပါ
အောက်ကပုံတွေကိုကြည့်ရင်သဘောပေါက်မှာပါ
ပျက်နိုင်တဲ့နေရာတွေကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ် ဓါတ်ပုံနဲ့သေချာတင်ချင်ပေမဲ့ကင်မရာအဆင်မပြေသေးလို့နာလည်းပေးပါခင်ဗျာ
M1 / M2 ကတော့ကြိုးဆက်ဖို့အတွက် လွယ်အောင်ပြထားပေးတာပါ တစ်ခုတောင်းပန်ချင်ပါတယ် အပေါ်ကပုံမှာ M1 နဲ့ M2 ကိုပြောင်းလဲကြည့်ပေးပါ Edit လုပ်တုန်းကနဲ့နဲ့လွဲသွားတာပါ ခိခိ....စိတ်
မရှိကြပါနဲ့ဗျာ....ညနက်နေပြီးမို့လို့ပြင်မအားတော့ပါ.................
LCD မှန်ကကြိုးပြားပါ LCD Supply အပေါင်း(+)က M1 ပါ အနုတ်ကတော့ M2 ပေါ့ အောက်ပုံဆက်ကြည့်လိုက်ပါ ကြိုးဆက်ရလွဲအောင်မှန်ရဲ့နောက်ဘက်ကနေပြထားပေးပါတယ် (+)က M1 ပါ M1 ကိုဆက်ပေးရပါမယ် M1 ကိုတိုင်းကြည့်လို့ 3.4V မရှိရင် M1 ကနေ ကွန်ဒင်ဆာအပေါင်း(+)ကိုကြိုးနဲ့ဆက်ပေး
လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်(+)3.4V ကနေလဲဆက်ပေးလို့ရပါတယ်
share from tetpaingoo