Breaking News
Loading...
Saturday, September 14, 2013

Info Post

၁၅၅ မီလီမီတာ VULCANO SAL ပဲ့ထိန်းကျည်မှ အကွာအဝေး ၃၃ ကီလိုမီတာ ရှိသော ပစ်မှတ် တစ်ခုအား တိကျစွာ ထိမှန်ခဲ့ခြင်း

ပဲ့ထိန်းကျည် တစ်မျိုးဖြစ်သော VULCANO ကျည်အမျိုးအစား များတွင် ၁၂၇ မီလီမီတာနှင့် ၁၅၅ မီလီမီတာ ကျည်အမျိုးအစားများ ပါဝင်ပါသည်။


ယင်းကျည်အမျိုးအစား တို့တွင် GPS/IR (သို့မဟုတ်) GPS/SAL (Semi-Active Laser)Terminal Homing လမ်းညွှန်စနစ် တို့ကို တပ်ဆင် အသုံးပြု ထားပါ သည်။

ဂျာမနီနှင့် အီတလီ နိုင်ငံတို့၏ ပူးတွဲ စီမံကိန်း သဘောတူညီချက် အရ ၁၅၅ မီလီမီတာ ပဲ့ထိန်းကျည် အမျိုးအစားအား စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ပါသည်။ ယင်းစမ်းသပ်မှုတွင် အီတလီ ကာကွယ်ရေး ဝန်ကြီးဌာနမှ VULCANO စီမံချက်ကို တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် SAL Terminal Homing System ၊ ပစ်ခတ်မှု ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ခဲယမ်း အစိတ် အပိုင်းများကို တာဝန်ယူ ဆောင်ရွက် ခဲ့ပါသည်။ ထို့အပြင် စမ်းသပ် ပစ်ခတ်မှု အားလုံးအား PzH 2000 ယာဉ်တင် အမြောက် အမျိုးအစားကို အသုံးပြု၍ ဆောင်ရွက်ခဲ့ပါသည်။

VULCANO ခဲယမ်း အမျိုးအစားများ တီထွင် ထုတ်လုပ်မှု လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် အရ Diehl Defence ကုမ္ပဏီနှင့် Oto Melara ကုမ္ပဏီ တို့လည်း ပါဝင် ဆောင်ရွက်ခဲ့ပြီး သမားရိုးကျနှင့် ပဲ့ထိန်းကျည်များ ထုတ်လုပ်မှု လုပ်ငန်းများလည်း ပါဝင်ခဲ့ပါသည်။ စမ်းသပ် ပစ်ခတ်မှုတွင် ၂ မီတာ ပတ်လည် ပစ်မှတ်တစ်ခုအား ၃၃ ကီလိုမီတာ အကွာအဝေးတွင် သတ်မှတ် နေရာ ချထားခဲ့ပါသည်။ GPS လမ်းညွှန်စနစ် တစ်မျိုးတည်း တပ်ဆင်ထားသော ကျည်ဖြင့် စမ်းသပ် ပစ်ခတ်ရာတွင် ပစ်မှတ်မှ ၂ဝ မီတာ အတွင်း ကျရောက်ခဲ့ပါသည်။ သို့သော် GPS နှင့် SAL လမ်းညွှန်စနစ်တို့ ပါဝင် တပ်ဆင်ထားသော ကျည်အမျိုးအစားဖြင့် ပစ်ခတ်ရာတွင် ၂ မီတာ ပတ်လည် ပစ်မှတ်အား တိကျစွာ ထိမှန်ခဲ့ကြောင်း တွေ့ ရှိရပါသည်။

အဆိုပါ စမ်းသပ်ပစ်ခတ်မှုနှင့် ပတ်သက်၍ အီတလီ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင် GPS စနစ် တပ်ဆင်ထားသော ခဲယမ်းများ၌ SAL စနစ်အား ဖြည့်စွက် တပ်ဆင် အသုံးပြုခြင်းဖြင့် ပစ်မှတ်အား တိကျစွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းကျည် အမျိုးအစားမှာ လွန်စွာ ထိရောက်မှု ရှိကြောင်း စသည့် အချက်များ ပါဝင်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ စမ်းသပ် ပစ်ခတ်မှုတွင် တက်ရောက်ခဲ့သော ဂျာမနီနှင့် ဒက်ခ်ျနိုင်ငံတို့၏ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားလှယ် များမှလည်း အတည်ပြု ပြောကြားခဲ့ပါသည်။

VULCANO ကျည်အမျိုးအစားများ၏ တီထွင် ထုတ်လုပ်မှု လုပ်ငန်းများအား ကြိုတင် သတ်မှတ် ထားသော ရည်မှန်းချက်များ အတိုင်း လာမည့် ၂ဝ၁၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

myawady news