ရန်ကုန်၊ စက်တင်ဘာ ၈
၈.၉.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ဗိုလ်တထောင်မြို့နယ်ဘက်မှ
ဒေါပုံမြို့နယ်ဘက်သို့ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း ဦးခင်မောင်လွင်(ဘ)ဦးစောလွင် ၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၄ခ/---- နစ်ဆန်း၊ဒီဇယ်ယာဉ်သည် ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား အဆင်းအရောက်တွင် ဘရိတ်ပေါက်၍ တံတား၏ယာဘက်ခြမ်း လူသွားစင်္ကြန်အားကျော်တက်ကာ တံတားတိုင်အမှတ် D2 နှင့်D3ကြားရှိ လက်ရန်းအားတိုက်မိခဲ့သဖြင့် တံတားလက်ရန်း (၂၅) ပေခန့်၊ တံတားအားမီးပေးသည့် ဓါတ်တိုင် (၁)တိုင်၊အချက်ပြမီးတပ်ဆင်ထားသည့် ဓါတ်တိုင်(၁)တိုင်တို့ ကျိုးပဲ့ပျက်ဆီးသွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်
ယာဉ်မောင်း ဦးခင်မောင်လွင်အား ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၃၊ ပုဒ်မ၂၇၉ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အေးချမ်းမွန် Credit To > Yangon Police < Thanks
Re-posted By ACM 8-9-2013
