Breaking News
Loading...
Monday, September 16, 2013

Info Post

ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့ မှာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက “ဂျောင်း”ဗီဒီယိုဇာတ်ကား နှင့် ပတ်သတ်ပြီးသက်ဆိုင်ရာဇာတ်ကား ရိုက်ကူးထုတ်လုပ်သူ ဂျော်လီဆွေနှင့်သားများဗီဒီယိုထုတ်လုပ်ရေး၊ဇာတ်ညွန်းဆရာ၊ဒါရိုက်တာနေပိုင်၊သရုပ်ဆောင်မြင့်မြတ်တို့ နှင့်တွေ့ ဆုံဆွေးနွေးကာ ရခိုင်အမျိုးသား များနှင့်ပတ်သတ်ပြီးတောင်းပန် ဝန်ခံ ကတိပြုခြင်း သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။
(လတ်တလောမှာ“ဂျောင်း”ဗီဒီယိုဇာတ်ကားနှင့်ပတ်သတ်ပြီး ရခိုင်အမျိုးသားများ ကွန်ရက်ကပြင်းထန်စွာ သတိပေးခြင်းထုတ်ပြန်ကြေညာခဲ့သလို အွန်လိုင်းစာမျက်နှာများထက်တွင်လည်း ရခိုင်တိုင်းရင်သားများ အပါအ၀င်တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေး အနက်ရှေ့ ရှုကာဝေဖန်ပြောကြားရေးသားမှုများရှိခဲ့သည့်အတွက်ယခုကဲ့သို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးနှင့် အတူ “ဂျောင်း”ဗီဒီယိုဇာတ်ကားနှင့်ပတ်သတ်ပြီးသက်ဆိုင်သူများက တာဝန်သိ စွာတောင်းပန် ဝန်ခံကတိပြုခြင်းသဘောထားထုတ်ပြန် တာဝန်ယူခြင်း အပေါ်အစဉ် အလာကောင်းတစ်ခုအဖြစ်ပေါ်ပြူလာ
ဂျာနယ်ကဂုဏ်ယူအသိအမှတ်ပြုပါသည်။-အယ်ဒီတာအဖွဲ့ )


photo credit-ဧရာဝတီ လူမင်း

Popular Journal