Breaking News
Loading...
Saturday, September 7, 2013

Info Post

လေ့ကျင့်ခန်းတွေလုပ်ပြီးတိုင်း ရေချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန်ကိုပါ ကျစေပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အပြင် ကိုယ်ခံအားကောင်းစေတာကြောင့် အားကစား လုပ်သူတွေအတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက်ရပါတယ်။
၁။တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ကောင်းခြင်း
ကိုယ်လက်လေ့ကျင့်လုပ်ပြီးတဲ့ အခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြား သူတွေနဲ့ ထိတွေ့ရတာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တတ်တာပဲ ဖြစ်ပါတယ်။ ရေကူးတဲ့သူတွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုးဖို့ မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင် တွေထည့်ထားတာကြောင့် အသားအရေနဲ့ ဆံပင်တွေကိုပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ဒါကြောင့်
ရေကူးကန်က ထွက်လာတိုင်းတဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရှောင်သင့်ပါတယ်။
၂။ နာကျင်မှုကို သက်သာစေခြင်း
အားကစား အပြင်းအထန်လုပ်ပြီးတဲ့အခါ ကြွက်သားတွေနာကျင် ကိုက်ခဲပြီး ကျန်ခဲ့တတ် ပါတယ်။ ဒါတွေကို သက်သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ တွေကို လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်းအိပ်ရာထလို့ ကိုယ်လက်တွေ တင်းတင်းကြီးဖြစ်နေတယ် လို့ ခံစား နေရရင်လည်း ရေနွေးနွေး လေးနဲ့ ချိုးပေးတာဟာ သွေးလည်ပတ်မှုကောင်းစေတဲ့ အပြင် ကြွက်သားနာကျင်တာလည်း လျော့နည်းစေမှာပါ။
၃။ကိုယ်အလေးချိန် ကျစေခြင်း
လေ့ကျင့်ခန်းတွေလုပ်ပြီးလို့ ရေအေးအေးနဲ့ ရေချိုးလိုက်တာဟာ ကယ်လိုရီတွေကို လောင်ကျွမ်း စေပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ခန္ဓာကိုယ်က အအေးဓာတ် ခံနိုင်မယ့်အပူတွေကို ထုတ်ပေးနေရတဲ့အတွက် ဇီဝရုပ် ဖြစ်ပျက်မှု (Metabolism) က ၅၅ဝ ရာခိုင်နှုန်းအထိ အသုံးပြုရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ အများ အပြား လောင်ကျွမ်းသွားတာကြောင့်ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
၎။ကျန်းမာပြီး စိတ်ကြည်လင်နေခြင်း
လေ့ကျင့်ခန်းလုပ်တဲ့ နေရာတချို့မှာဆို ရေချိုးတာကို လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အားပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ဂလူတာသိုင်အုန်း (Glutathione)ဟော်မုန်းထွက်လာပြီး ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

အိဖြူ -ဆေးဝါးသက္ကသိုလ်
GoodHealth