ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို ကာကွယ်နိုင်မယ့် အရေးပေါ်လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေ အတွက်မရှိမဖြစ် အသုံးပြု လာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။
အဓိက ပစ်မှတ်ကတော့ မသမာသူတွေရဲ့ တိုက်ခိုက်မူတွေရန်မှ အားနွဲ့တဲ့မိန်းကလေးတွေကို အကာ အကွယ်ပေးစေလိုတဲ့အတွက် မိမိရဲ့  Cell-phone တွေကို Self-defense systems အဖြစ်ပြောင်းလည်း ပေးထားတာပါ။
ကနဦးတီထွင်ဖန်တီးပေးထားမူအရ iPhone တွေမှာသာ တပ်ဆင်အသုံးပြုရ မှာဖြစ်ပြီး အဆိုပါ ကရိယာတွေကို အခြားသူတွေလွယ်ကူစွာအသုံးမပြုစေနိုင်ဖို့ လက်ဗွေလုံခြုံရေးစနစ် ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။
ပုံမှာမြင်တွေ့ရတဲ့ဟာကတော့ ဖုန်းနဲ့တွဲဖွက်ပြီး အသုံးပြုရတဲ့ Pepper Spray လို့ခေါ်တဲ့ ငရုပ်ကောင်းဆေး ဖျန်းရေပါ။ လက်ဗွေစနစ်ကိုအသုံး ပြုထားတဲ့အတွက် မိမိကိုယ်တိုင်သာအသုံးပြုရမှာဖြစ်ပြီး အရေးပေါ် အခြေအနေမှာ ရန်သူရဲ့ မျက်စိကို လွယ်ကူစွာဖျန်းထည့်လို့ရအောင်ဖန်တီးပေးထားပါတယ်။
ထို့ပြင် ယခုထက်ပိုမိုပြင်းထန်ပြီး အန္တရာယ်များတဲ့ လျှပ်စစ်စွမ်းအင်ပါ Yellow Jacket လို့ခေါ်တဲ့ အရာကိုလည်းဖန်တီးပေးထားပါတယ်။အဲဒါကတော့ အဆိတ်ပြင်းတဲ့ ပျားတစ်ကောင်အတုတ်ခံရ သလိုမျိုး အားအလွန်ပြင်းတဲ့ တစ်ချက်ထိ လျှပ်စစ်စွမ်းအင်တွေကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။
နိုင်ငံတကာအနံ့ဖြန့်ချိဖို့ပြုလုပ်ထားပြီး Pepper Spray ပါကာဗာအတွက်ကိုတော့ ၃၉.၉၅ ဒေါ်လာနှင့် စွမ်းအားမြင့်လျှပ်စစ်ဓာတ်တွေကိုထုတ်လုပ်ပေးမယ့် Yellow Jacket ကာဗာတစ်ခုကိုတော့ ကန်ဒေါ်လာ ၁၄၀ ကျသင့်မယ်လို့သိရပါတယ်။ လက်ရှိဈေးကွက်အနေအထားအရ ဥရောပတွေမှာသာဖြန့်ချိရောင်းချ လျက် ရှိနေပါတယ်။
Ref:Dailymail
Myanmar News Media
