Breaking News
Loading...
Tuesday, September 10, 2013

Info Post


၂.၉.၂၀၁၃ ရက်နေ့ ၁၁၁၅ အချိန် လှိုင်သာယာမြို့နယ်နေ ဦးထွန်းလွင်သည် ဘုရင့်နောင်ပွဲရုံသို့ ကုန်ပစ္စည်းများပို့ပြီး အပြန် ငွေကျပ်(၁၁၂၂၉၂၅)အနက် ငွေကျပ်(၁၁)သိန်းအား
ဘေးလွယ် အိတ်အတွင်းထည့်ပြီး ကျန်ငွေ(၂၂၉၂၅) ကျပ်အား ၎င်းဘေးလွယ်အိတ်၏ရှေ့ဘက်အိတ်သေးတွင်ထည့်ကာ ယာဉ်လိုင်းအမှတ်(၁၂၁)အားစီးနင်းလာခဲ့ရာ လှိုင်သာယာမြို့နယ်၊ ဘုရားလမ်း မှတ်တိုင်အရောက်တွင် ၎င်း၏အိတ်မှာဇစ်ပွင့်နေပြီး အတွင်းမှ ငွေကျပ်(၁၁)သိန်းမှာ ပျောက်ဆုံး နေသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း
(ပ) ၁၀၁၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်) ဖြင့်အမှုဖွင့်စုံစမ်းဆောင်ရွက်
ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိချက်များ၊ စုံးစမ်းချက်အထောက်အထားများအရ ၉.၉.၂၀၁၃ ရက်နေ့တွင် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ကိုအောင်(ခ)ခိုင်မင်းဝေ(ဘ)ဦးနိုင်ဝင်း၊ ရွှေပြည်သာမြို့နယ်နေသူအား ၉.၉.၂၀၁၃ ရက်နေ့၁၃၀၀ အချိန်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းသည် သိန်းသန်းထွန်း၊ တရုတ်ကြီး၊ ကိုကိုကြီး၊ နိုင်ကြီး၊ ဇင်မောင်ဦး တို့နှင့်အတူ ၂.၉.၂၀၁၃ ရက်နေ့တွင် ယာဉ်လိုင်းအမှတ် (၁၂၁)အား စီးနင်းလိုက်ပါခဲ့ပြီး လှိုင်သာယာမြို့နယ် ၊ ဘုရားလမ်းမှတ်တိုင်အနီးအရောက်တွင်ယာဉ်ပေါ်ပါအမျိုးသားတစ်ဦးလွယ်ထားသည့် ဘေးလွယ်အိတ် အတွင်းမှ ငွေကျပ်(၁၁)သိန်းအား ၎င်းနှင့် ကိုကိုကြီးတို့မှ လူကာပေးထားစဉ် သိန်းသန်းထွန်းမှ ဇစ်ဖွင့်နှိုက်ယူခဲ့ကြောင်း ၊ ရရှိသည့် ငွေ(၁၁)သိန်းအား ၎င်းတို့(၆)ဦး ခွဲဝေယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းဝေစုရရှိသည့် ငွေဖြင့်ဝယ်ယူထားသည့် ရွှေနားကပ်(၁)ရံနှင့် ကျန်ငွေကျပ်(၁)သိန်းအားပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါသည်။

အမှုမှ ကျန်တရားခံများဖြစ်သည့် သိန်းသန်းထွန်း၊ တရုတ်ကြီး၊ ကိုကိုကြီး၊ နိုင်ကြီးနှင့် ဇင်မောင်ဦးတို့အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Myawadynews