ဝါဆော(ပိုလန်)-စက်တင်ဘာ ၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်ပါလီမန်ကို အလည်အပတ် သွားရောက်ရာပါလီမန်ရှေ့တွင် လမ်းကိုပိတ်ပြီးဆန္ဒပြနေသည့် ပိုလန်အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များကြောင့် ကားပေါ်ကဆင်းလမ်းလျောက်သွားခဲ့ရပြီး ထိုအချိန်တွင် မိုးရွာနေသဖြင့် မိုးမိသွား ခဲ့သော်လည်း စိတ်အနှောက်အယှက်မဖြစ်ဘဲ ဒီမိုကရေစီအခွင့်အရေးကိုလက်တွေ့ အသုံးချဆောင်ရွက်နေကြတာကို မြင်ရတာအလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ဆိုခဲ့သည် ။
ပါလီမန်အဆောက်အဦးသို့ ရောက်ရှိပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က
"ကျမ မိုးရွာနေတဲ့ကြားက ပါလီမန်ကို လမ်းလျောက်လာရလို့ စိတ်အနှောင့်အယှက်မဖြစ်ပါဘူး ၊ဒီလို
ဒီမိုကရေစီအခွင့်အရေးကိုလက်တွေ့ အသုံးချဆောင်ရွက်နေကြတာကို မြင်ရတာ အရမ်း စိတ်ဝင်စား ဖို့ကောင်းပါတယ် ၊ပြီးတော့ သူတို့ ( ဆန္ဒပြသူများ) ၀တ်ထားတဲ့ရောင်စုံဂျတ်ကက်တွေကလည်း အရမ်းလှပါတယ် " ဟု ပြောခဲ့သည်။kyl
ref : Reuter
Popular Myanmar News Journal