Breaking News
Loading...
Sunday, September 8, 2013

Info Post

အရှင်မောဂ္ဂလ္လာန်ဘဝ
တန်းခိုးအရာတွင် ဧတဒဂ်ရသော အရှင်မောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးသည် တစ်ခုသောဘဝက အမျိုးသမီး၏စကားကိုယုံမှားကာမိဘတို့ကိုခိုးသားဟန်ဆောင်ကာ ရိုက်နှက်ခဲ့သောကြောင့် နောက်ဆုံးဘဝတွင် ထိုဝဋ်ကြွေးကို တန်ခိုးအရာဖြင့်ပင် မရှောင်ရှားနိုင်ဘဲ ဝဋ်ကြွေးများကိုခံရလေခြင်းကြောင့် ခိုးသားငါးရား၏နှိပ်စပ်ခြင်းကိုခံရ လေသည်။
ကရုကံ
ကျေးဇူးကြီးမားသော မိဘကိုပြစ်မှားသောကံကို အလွန်ကြီးလေးလှသော မကောင်းမှုဖြစ်သောကြောင့်ကရုကံဟုခေါ်သည်။ထိုပဉ္စာနန္တရိယကံထိုက်သူကရုကံရှိ သူသည်တရားထူးတရားမြတ်တို့ကိုမရနိုင်ချေ။
မည်သို့ပင်ဆိုစေမည်သို့ပင်ဆိုစေ မိဘသည် မိဘပင်ဖြစ်၏၊မိမိကမည်မျှပင်ပညာတက်ကြီးဖြစ်နေပါစေ မိဘသည်မိဘဖြစ်၏၊မြတ်သူဖြစ်စေ ယုတ်သူဖြစ်စေ မိဘသည်မိဘသည်သာဖြစ်ကာ သားသမီးတို့အပေါ်တွင်အချစ်ပိုတက်ကြလေသည်။လောကတွင် မိမိတို့၏သား သမီးများသည် အလိမ္မာဆုံး အတော်ဆုံး အချောဆုံး အလှဆုံး ရင်သွေးဟူက ကြည့်မဝ ချစ်မဝ အထင်ကြီးကြလေသည်။
အားကိုးအားထား
မိဘတို့သည် သားကိုအားဖြစ်စေချင်၏၊ကျားမဖြစ်စေချင်ကြပေ။သမီးတို့ကို
အေးမြစေရန်အတွက် ထီးအဖြစ်မြင်လိုကြ၏၊မီးအဖြစ်မမြင်လိုကြပေ၊ကြီးသောအခါ အိုမင်းမစွမ်းသောအခါ သားသမီးတို့ကိုအားထားလိုကြ၏၊တမလွန်ဘဝရောက်သော အခါတွင် ကုသိုလ်အမျှတို့ယူလိုကြသည်။ထိုအတွက်သားကောင်းသမီးကောင်းများဖြစ် ရန်လိုအပ်ပါသည်။
ကြီးပွားရအောင်သတိဆောင်
မြတ်စွာဘုရားရှင် လိစ္ဆဝီမင်းသားငယ်တို့နှင့် တွေ့ဆုံရာ၌ အသင်မင်းသားတို့ သည် မိဘတို့ကို ကြီးသူတို့ကိုရိုသေလေးစားကြသောကြောင့်ကြီးပွားကြလိမ့်အုန်းမည် ဟု ကြီးပွားကြောင်း (၇)ပါးတွင် မိဘလုပ်ကြွေးပြုစုခြင်းတစ်ပါးအပါအဝင်ဟောကြား တော်မူခဲ့သည်။
နတ်ပြည်ရှိ သိကြားမင်းသည်လည်း သူကိုယ်တိုင်မိဘကိုလုပ်ကြွေးခဲ့သောကြောင့်သိကြားဘဝဖြင့်နေရကာ လူပြည့်မှမိဘကိုလုပ်ကြွေးပြုစုကုန်သော သား သမီးကို ရိုသေးလေးစားရှိခိုးမှု နေစဉ်ပြုလေသည်။ မိဘအမျိုးမျိုး သားသမီးအမျိုးမျိုး ရှိရာတွင် မိကောင်းဖကောင်းဖြစ်ရန်လိုအပ်သလို သားကောင်းသမီးကောင်းများဖြစ်ရန် လည်းလိုအပ်သည်။ထိုသို့နှစ်ဘက်စုံညီ ပြည့်စုံကြလျှင်၏ လောကပါလတရားထွန်းကား လျှက် ကမ္ဘာလောကကြီး သာယာငြိမ်းချမ်းမည်မှာ အသေအချာဖြစ်ပါတော်သည်။
အလင်းရောင်ဆရာတော် (ဤဆောင်းပါးဖြင့်မိဘများအားဂုဏ်ပြုပါ၏)

ဓမ္မအလင်းရောင်