Breaking News
Loading...
Monday, September 9, 2013

Info Post


အသင်း၏ အစီအစဉ်အတွက် မိမိကို လိုအပ်ကြောင်း အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်တွင် ဆက်လက်နေထိုင်ပြီး အသင်းတွင် နေရာရရန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အလက်ဇန္ဒား ဘတ်နာက ထုတ်ဖော်ပြောကြားလိုက်သည်။


ယူနိုက်တက်သည် အပြောင်းအရွှေ့ကာလက အဲဗာတန်မှ လေတန်ဘိန်းစ်ကို ခေါ်ယူရန် ချိတ်ဆက်ခဲ့ သော်လည်း ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ အသင်းနှစ်ဖက် သဘောတူညီမှု မရခဲ့ပေ။ ထို့အပြင် အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်က ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ အာမခံချက်ရှိသည်ဟု ပြောကြားခဲ့ပြီးနောက် မကြာမီကာလအတွင်း အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘတ်နာက ဖွင့်ဟခဲ့သည်။



“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနှစ်မှာ ယူနိုက်တက်နဲ့အတူ ပွဲ အတော်အသင့် ကစားရမယ်လို့ ပြောပါတယ်။ သူက ကျွန်တော့်ကို အသင်းကနေ မထွက်စေချင်ပါဘူး။ အခု စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ပါတော့မယ်။ အဲ့ဒီအတွက် အလွန်ကျေနပ်မိပါတယ်” ဟု ဘတ်နာက ပြောကြားခဲ့သည်။

ဘတ်နာသည် ဗီတက်ဆီမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ယူနိုက်တက်နှင့် လိဂ်ပွဲ ငါးပွဲသာ ကစားထားဖူးပြီး ယခုနှစ်တွင် ဒေးဗစ်မိုယက်စ် လက်အောက်၌ ပွဲထွက်ကစားခွင့် မရရှိသေးပေ။

Ref: Goal
soccermyanmar