Breaking News
Loading...
Monday, September 9, 2013

Info Post

ဆီးရီးယား အစိုးရအား အရပ်သားများအပေါ် ဓာတုလက်နက်များ အသုံး ပြုတိုက်ခိုက်ခဲ့သည် ဟူသော သံသယရှိမှုဖြင့် အမေရိကန်နိုင်ငံက စစ်ရေးအရ တိုက်ခိုက်လာမည်ဆိုလျှင် စစ်ပွဲ၏ အခြေ အနေနှင့် ပတ်သက်၍ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ရေဒါ စနစ်များက စောင့်ကြည့် ထောက်လှမ်းသွားနိုင်ကြောင်း အမေရိကန် အခြေစိုက် ကာကွယ်ရေး ဆိုင်ရာ လေ့လာဆန်းစစ်သူ ဝမ်ဒယ်မင်းနစ်ခ်က သုံးသပ် ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၅ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဆီးရီးယား စစ်ဘက်အနေဖြင့် လတ်တလောတွင် တရုတ်နိုင်ငံထုတ် JYL-1 3-D တာဝေးစောင့်ကြည့် ထောက်လှမ်းရေးရေဒါ၊ Type-120 (LLQ 120) 2D အနိမ့်ပျံ စောင့်ကြည့် ထောက် လှမ်းရေး ရေဒါနှင့် JY-27 VHF တာဝေးစောင့်ကြည့် ထောက်လှမ်းရေး ရေဒါစနစ် သုံးမျိုး တပ်ဖြန့်ချထားကြောင်း၊ ဆီးရီးယားစစ်ဘက်က အမေရိကန်နိုင်ငံ ၏ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အဆိုပါ ရေဒါစနစ်များကို အသုံးပြုခဲ့မည်ဆိုလျှင် အမေရိကန် စစ်ဘက်၏ စစ်လက်နက် စနစ်များကို ထိထိရောက် ရောက်တိုက်ခိုက်နိုင်မည့် အရေးအကြီး ဆုံးသတင်း အချက်အလက်များကို PLA က စုစည်းရရှိ သွားနိုင်ကြောင်းနှင့် အဆိုပါ သတင်း အချက်အလက်များကို အသုံးပြု၍ အရှေ့နှင့်တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက် နယ်မြေ အငြင်းပွားနေမှုများ အပါအဝင် ထိုင်ဝမ် နှင့်ဖြစ်ပွားနေသော အငြင်းပွားနေမှုများ အပေါ် အမေရိကန်နိုင်ငံနှင့် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခတစ်ရပ်တွင် အသုံးချ သွားနိုင်ဖွယ် ရှိကြောင်း နိုင်ငံတကာ အကဲဖြတ်ဆန်းစစ်မှုနှင့် မဟာဗျူဟာ ဌာနမှ အမေရိကန် လေ့လာ ဆန်းစစ်သူ ရစ်ချက်ဖစ်ရှာက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် လတ်တလော ၌ ယခင်ဆိုဗီယက် လက်ထက်က ဒုံးပျံ စနစ်များ ဖြစ်သော SA-2၊ SA-3၊ SA-5 နှင့် SA-6 ဒုံးပျံစနစ်များ အပါအဝင် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစခန်း ၁၂ဝ ခန့် ရှိကြောင်း သိရသည်။

မြဝတီ