Breaking News
Loading...
Friday, September 13, 2013

Info Post

စက်တင်ဘာ ၁၂

မန္တလေးတိုင်း ဒေသကြီး အောင်မြေ သာစံမြို့နယ် ညောင်ကွဲ ရပ်ကွက်တွင် ဖုန်းအား သွင်းမန္တလေး ရာမှ အပူချိန် လွန်ကဲ၍ မီး လောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ အောင်မြေ သာစံမြို့နယ် ညောင်ကွဲ ရပ်ကွက် (၁၁)လမ်း အမှတ်(၄၁၅/ N-2)၌ ယနေ့ နံနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းမီးလောင်ခြင်းကြောင့် အခင်းဖြစ်ပွားရာ အနီးနား ဝန်းကျင်ရှိ နေအိမ် နှစ်လုံးပါ လောင်ကျွမ်းခြင်း ခံရပြီး ယင်းနေအိမ်များရှိ ပြိုင်ကား တစ်စီးနှင့် လိုက်ထရပ်ကား တစ်စီး၊ဆိုင်ကယ် နှစ်စီးတို့ နှင့် လူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်း ဒေသကြီးမှ မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးစီးသော ၃ဝဦးနှင့် အရန် ၂ဝဝဦး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက်၂ နာရီခွဲခန့် တွင် ငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အခင်းဖြစ်ပွားရာ နေအိမ်တွင် နေထိုင်သူ (အိမ်ငှား) ဦးမျိုးမင်း ၂၅နှစ် (ဘ)ဦးမြင့်မောင်အား (ပ) ၂၆၂/ ၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅အရ အမှတ်(၄) ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် နေကြောင်း သိရသည်။ 

credit:myawady