၉/၁၁ အရေး အခင်း၌ ဆုံးပါးခဲ့သူ များနှင့် တပ်မတော်သား များအား ဂုဏ် ပြုသည့် အနေဖြင့် ဆိုင်ကယ်စီးသူ နှစ် သန်း၏ ဝါရှင်တန်ဒီစီ မြို့တွင်းသို့ ဖြတ် သန်း၍ မရပ် မနား ဆိုင်ကယ် စီးနင်းမည့် အစီအစဉ်အား ခွင့်ပြုရန် အရာရှိများ က ငြင်းဆိုခဲ့ကြောင်း သိရသည်။
မီးနီ၊ ရပ်တန့်ရန် အချက်ပြ သင်္ကေတနှင့် အခြားသော လမ်းစည်းကမ်းပြ သင်္ကေတများကို ဖြတ်သန်း၍ မရပ်မနား မောင်းနှင်မည့် အစီအစဉ် အား အရာရှိများ က ငြင်းပယ်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။
သို့ရာတွင် အမေရိက မူဆလင် များ နိုင်ငံရေး လှုပ်ရှားမှု ကော်မတီ၏ သန်းပေါင်း များစွာသော အဖွဲ့ဝင်များ စက်တင်ဘာ ၁၁ ရက်တွင် National Mall ၌ ချီတက် ဆန္ဒပြမည့် အစီအစဉ် အား ကိုလံဘီယာ ခရိုင်မှ ခွင့်ပြုပေးခဲ့ သောကြောင့် ဆိုင်ကယ်စီး အဖွဲ့အား ခွင့်ပြုရန် ငြင်းဆိုခဲ့ခြင်း အပေါ် ၄င်းတို့ ၏ ဝက်ဘ်ဆိုက် ၌ ပြောဆိုစရာ ဖြစ်ခဲ့သည်။
ဆိုင်ကယ်စီးသူ နှစ်သန်းသည် ဝါရှင်တန် ဒီစီ မြို့နေထိုင်သူများအား ၄င်း တို့ဖြတ်သန်း သွားချိန်တွင် ဆူညံသံများ ဖြစ်ပေါ်မည့် အတွက်ကြောင့် တောင်းပန်စကား ဆိုခဲ့သည်။
''စက်တင်ဘာ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ တစ်စု တစ်ဝေးတည်း ဆိုင်ကယ် စီးနင်းပါမယ်။
လွန်ခဲ့တဲ့ ဆယ့်နှစ် နှစ်က ဒီလို အချိန်မှာ အသက် ဆုံးရှုံးခဲ့ရ သူများကို ဂုဏ်ပြုပါမယ်။ အကြမ်းဖက် ခံရတဲ့ နယ်နိမိတ်မှာ ကျဆုံးခဲ့ရတဲ့ ရဲ ဘော်တွေကို အလေးပြုပါမယ်။
သေဆုံး ခဲ့သူများနှင့် နိုင်ငံ အပေါ်မှာ ထားတဲ့ ကျွန်တော် တို့ရဲ့ ချစ်စိတ် က မယုံကြည် နိုင်အောင် ပြင်းထန်ပါတယ်'' ဟု အဆို ပါအဖွဲ့က ပြောကြားသည်။
သန်းပေါင်း များစွာသော မူဆလင် များ ချီတက် ဆန္ဒပြမည့် အစီအစဉ် သည် ဖေ့စ်ဘွတ် လူမှု ကွန်ရက်စာမျက် နှာပေါ်၌ Like 141 ခုရခဲ့ပြီး ဝါရှင်တန် ဒီစီ မြို့တွင်းသို့ ဆိုင်ကယ် စီးနင်းမည့် အစီအစဉ်သည် Like 56,284 ခု ရခဲ့ သည်။
သိင်္ဂီဝင်း Ref: BBC
Popular Myanmar News Journal မှကူးယူဖော်ပြပေးပါသည်